OPPO F series မှ အသစ်ထွက်ရှိလာသည့် OPPO F 15ကို စျေးကွက်တွင် စတင်မိတ်ဆက်
OPPO မှ အပါးလွှာဆုံး ကိုယ်ထည်နှင့် ထုတ်လုပ်ထားသည့် OPPO F 15ကို မြန်မာနိုင်ငံစျေးကွက်တွင် ဧပြီလ ၂၄ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ၀ယ်ယူသူများအနေဖြင့် shop.com.mm (https://www.shop.com.mm/shop/ oppo မှ ပို့ ဆောင်ခ အခမဲ့ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
OPPO F 15တွင် ကင်မရာလေးလုံးပါရှိပြီး Main ကင်မရာအဖြစ် Crystal လို ကြည်လင်ပြတ်သားသော ပုံရိပ်များ ရိပ်ကူးနိုင်သည့် 48MP (F1.7) AI Quad Camera အပြင် 8MP (F2.2) Ultra Wide-Angle Macro Lens, 2MP (F2.4) Mono Lens နှင့် 2MP (F2.4) Portrait Lens တို့ပါ၀င်သည်။
ရှေ့ဘက်ကင်မရာတွင်လည်း သဘာဝကျကျ လှပသောပုံရိပ်များ ရရှိစေရန်အတွက် AI Beautifica-tion Algorithm ပါဝင်ပြီး Night Portrait, Ultra Night Mode 2.0, Anti-Shake Video, Portrait Bokeh Effect နှင့် Portrait HDR အစရှိသည့် ထူးခြားကောင်းမွန်သော ကင်မရာ လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားကြောင်း သိရသည်။
Memory အနေဖြင့် 8GB+128GB ပါဝင်ပြီး ပိုမို မြန်ဆန်သော လုပ်ဆောင်မှုများ ရရှိနိုင်သော Helio P70 (Up to 2.1 GHz) ပါ၀င်ပြီး AnTuTu Benchmark တွင် စစ်ဆေးမှုအရ Helio P70 သည် Snapdragon 675 ထက် သာလွန်သော Gaming Performance ရှိပြီး ကင်မရာလုပ်ဆောင်မှုများတွင်လည်း ပိုမိကောင်းမွန်စေကြောင်း အသိအမှတ်ပြုမှု ရရှိထားသည်။
ဘက်ထရီအနေဖြင့် 4000 mAh ဖြစ်ပြီး Type C အမျိုးအစားဖြစ်ကာ ၇၂ မိနစ်အတွင်း ဖုန်းအားအပြည့် ပြန်လည်အားသွင်းနိုင်မည့်အပြင် ပုံမှန် အားသွင်း စနစ်များထက် ၄ဆ မြန်ဆန်စေပြီး အဆင့် (၅)ဆင့်ဖြင့် ကာကွယ်ပေးထားသော ဗို့အားနည်း အမြန် အားသွင်းစနစ် VOOC Flash Charge 3.0 ကို အသုံးပြုထားပြီး Gaming Perfomance ကိုတိုးမြှင့် ပေးမည့် GameBoost 2.0, In-Game Noise Cancelling Effects, Gaming Voice Changer နှင့် Hyper Boost 2.0 Plus တို့ပါ၀င်ကြောင်း သိရသည်။
ထို့ပြင် ဖုန်း၏ Screen Ratio 20:9 ရှိပြီး အလေးချိန် 172 g နှင့် 7.2 mm အထူသာ ရှိသည့် ပါးလွှာ ပေါ့ပါးသော ကိုယ်ထည်နှင့် ပြုလုပ်ထားသည့်အပြင် ဖုန်း Screen ကို Gorilla Glass 5 ဖြင့် ပြုလုပ်ထားပြီး ၁.၆ မီတာ အမြင့်မှ ပြုတ်ကျသော စမ်းသပ်ချက်တွင် ၈၀ ရာခိုင်နှုန်း အောင်မြင်မှု ရရှိထားကြောင်း သိရသည်။
အဆိုပါဖုန်းကို ၀ယ်ယူမည်ဆိုပါက အရောင်အနဖြင့် Unicorn White နှင့် Lightening Black ဟူ၍ အရောင်နှစ်မျိုးထုတ်လုပ်ထားပြီး စျေးနှုန်းအနေဖြင့် ကျပ်ငွေ ၃၉၉၉၀၀ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။