အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Written by Tazer Bhone Myint
Yangon City Development Committee issued a notice in a state-run newspaper asking tenants at Bo Ba Htoo Housing, jointly developed by YCDC and Myanmar V-Pile, to fully pay the first installment for the apartments they purchased. There are over 500 tenants who have not fully paid the first installment.
The housing project near Bo Bahtoo Raod in North Dagon Township has 27 eight-story buildings with four apartments on each floor totaling 864 apartments.
The committee sold the 600 square feet apartments at K28.5 million and 900 square feet at K37.7 million. However, not everyone could buy apartments. To purchase an apartment from the project, one has to apply first, and the committee will hold a draw to choose the buyers since there are a lot of people who want to own an apartment at the project.
YCDC issued a notice on October 17 last year, urging all the chosen buyers to pay up for the apartments since it is preparing to hand over the flats by July this year.
These apartment buildings are phase 2 of the Bo Ba Htoo Housing project. Apartments from Phase 1 were handed over on October 30, 2015. It also faced the same predicament: some of the buyers not fully paying for the statement and the committee issuing a similar notice.
ဗိုလ်မှူးဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း တွင် အခန်တန်းဖိုးအကျေမသွင်းသေးသည့် အခန်း ၅၀၀ ကျော်ရှိနေကြောင်းရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ (YCDC) က ထုတ်ပြန်သည်။
အိမ်ရာစီမံကိန်းသည် U600 လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံးတွင် အခန်းပေါင်း ၈၆၀ ကျော် နှင့် U900 ရှစ်ထပ်တိုက် ၁၉ လုံးပါရှိပြီး အချို့အခန်းများမှာ ပြီးစီးပြီဖြစ်၍ အခန်းပိုင်ရှင်များကိုသော့ အပ်နှံပြီးဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းအခန်းများတွင် U 600 အမျိုးအစား အခန်း ၁၄၀ ကျော် နှင့် U 900 အမျိုးအစား အခန်း ၄၆၀ ခန့် ပါဝင်သည်။ YCDC က ဗိုလ်မှူးဗထူးအိမ်ရာရှိ အခန်းများ ကို ၆၀၀ စတုရန်းပေကျော်အခန်းကို ကျပ် ၂၈၅ သိန်းနှင့် စတုရန်းပေ ၉၀၀ ကျော်ကို ကျပ် ၃၇၇ သိန်းဖြင့်ရောင်းချခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ တိုက်ခန်းများသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) ဗိုလ်မှူး ဗထူးလမ်းဘေးတွင် YCDC နှင့် Myanmar V-pile ကုမ္ပဏီတို့က ဆောင်ရွက်ခြင်း ဖြစ်သည်။
အိမ်ရာစီမံကိန်းတွင် အရစ် ကျစနစ်ဖြင့် တိုက်ခန်းဝယ်ခွင့်ရ သူများ ခန်းများသည် ၂၀၂၀ ဇူလိုင်တွင် တိုက်ခန်းများ အပ်နှံမည်ဖြစ်၍ ကျသင့်ငွေပေးသွင်းရမည်ဟု YCDC က ကြေညာခဲ့သည်။ပေး သွင်းရန် YCDC က ၂၀၁၉ အောက်တိုဘာ ၁၇ ရက်က ကြေ ညာခဲ့ပြီး ယခု ၂၀၂၀ တွင်ထပ်မံကြေညာခြင်းဖြစ်သည်။ တိုက်ခန်းများသည် စတုရန်းပေ ၅၀၀၊ ၆၀၀၊ ၈၀၀ နှင့် ၉၀၀ ကျော်တို့ဖြစ်သည်။
အဆိုပါတန်ဖိုးမျှတအိမ်ရာများကို တန်ဖိုး ငွေကျပ်ဘီလီယံ ၃၀ ခန့် ကုန်ကျခံဆောက်လုပ် ထားပြီး အိမ်ရာစီမံကိန်း(ဒုတိယဆင့်)မှာ ဗိုလ်မှူးဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း (ပထမအဆင့်)အနီးတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ၌ တည်ရှိသည်။
ဗိုလ်မှူးဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယဆင့်)တွင် နေအိမ် တိုက်ခန်း စတုရန်း ၉၂၇ ပေ အကျယ်အဝန်းရှိ ရှစ်ထပ်တိုက်အဆောက်အအုံ ၁၉ လုံးနှင့် နေအိမ်တိုက်ခန်း စတုရန်း ၆၁၄ ပေ အကျယ် အဝန်းရှိ ရှစ်ထပ်တိုက်အဆောက်အအုံရှစ်လုံး အပါအဝင် စုစုပေါင်းအဆောက်အအုံ ၂၇ လုံး ဆောက်လုပ်ထားကြောင်းနှင့် အိမ်ခန်းပေါင်း ၈၆၄ ခန်း ပါဝင်ကြောင်း သိရသည်။