HomeAutomobilePart of Rakhine State regains internet access after one year

Part of Rakhine State regains internet access after one year

English text below

၂၀၁၉ခုနှစ် ဇွန်လမှ စတင်ကာ အင်တာနက်လိုင်းများ ပိတ်ထားခံရသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအနက် မောင်တောမြို့နယ်ကို မေလ ၂ရက်နေ့တွင် အင်တာနက် အသုံးပြုခွင့် ပြန်လည်ခွင့်ပြုခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနမှ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် COVID 19 ရောဂါနှင့် ပတ်သက်၍ သတင်းအချက်အလက်များ သိရှိနိုင်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

အင်တာနက်ပိတ်ထားသည့် မြို့နယ်များအနက်မှ စစ်ရေးအရ ထိခိုက်မှုနည်းပါးသည့် မြို့နယ်ကိုသာ ပြန်လည်ဖွင့်ပေးခြင်းဖြစ်ပြီး အခြားသော မြို့နယ်များကို ယခင်အတိုင်း အင်တာနက်အသုံးပြုခွင့် ပိတ်ထားမည်ဖြစ်သည်။

အင်တာနက် အသုံးပြုခွင့် ပိတ်ထားသည့် အခြားမြို့နယ်များအနေဖြင့် ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများမှ စာတိုပေးပို့ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံ အသိပေးခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခများကို အကြောင်းပြု၍ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်၀ မြို့နယ်တို့ကို ၂၀၁၉ခုနှစ် ဇွန်လတွင် အင်တာနက်အသုံးပြုခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။


Maungdaw City, one of the cities in Rakhine State and Chin State, where internet access was banned since June 2019 as the clashes between Tamadaw and AA have accelerated, now regain access to the internet on May 2, according to the Ministry of Transport and Communication.

The ministry said this is to enable information on COVID-19 spread more widely and the lift of the internet ban was only in the township where there is less fighting.

In the area where access to the internet is ban, the telecom operators send text messages about the virus and village administrators announce with a loudspeaker about the virus.

Due to the armed clashes, the government banned the internet access in Maungdaw, Buthidaung, Myaybon, Kyauktaw, Minbya, Myauk-U, Ponna Gyun and Rathetaung in Rakhine State and Platwa in Chin State in June last year.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img