The Patent Law, passed in 2019, will take effect this year, said Dr. Moe Moe Thwe, deputy director general of the Intellectual Property Department, who was speaking at a recent patent law seminar.
Over 200,000 patents have been registered with the Ministry of Commerce. Re-registration will be required once the law is in effect.
The law will promote benefits for product owners and producers while protecting consumers.
“Once this law comes into effect, the products in the market will be required to register,” said the official. “Producers can sell unregistered products in the market but they will not have the protection of the law.”
Registered products, brands and patents are covered by the law, which allows affected parties to take action against infringements and seek remedy for damages.
Copyright protection is more necessary now than ever as the domestic market is expanding with new players, technologies and foreign investments.
“This law is also important for pharmaceutical companies, who manufacture many products and require the protection of the law,” said U Zaw Moe Khaing, president of Myanmar Pharmacy and Medical Product Manufacturers Association. “They need to register their products in order to have the law’s protection.”
Myanmar has been working on intellectual property rights since 2013 and aims to join the World Intellectual Property Organization (WIPO) by the end of 2020.
In 2019, Myanmar passed the Patent Law, Myanmar Industrial Design Law, Copyright Law and Literature and Art Copyright Law. Arbitration offices will be set up as these laws come into effect.
Myanmar Summary
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၂ဝ၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယခုနှစ်အတွင်း ဥပဒေကို စတင် အသုံးပြုနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ကုန်ထုတ်လုပ်ငန်းအမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေအကောင် အထည် ဖော်ရေးဆိုင်ရာ သိကောင်းစရာများ ဟော ပြောပွဲတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ပြော သည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် ကုန်အ မှတ်တံဆိပ်ပေါင်း ၂ သိန်းကျော်အထိ ရှိပြီး အဆိုပါအတိုင်းဥပဒေကို စတင်ကျင့်သုံးပါက မှတ်ပုံတင်ထားသည့် တံဆိပ်များအားလုံး ပြန်လည်မှတ်ပုံတင် ရမည်ဖြစ်ကြောင်း သိရ သည်။
ဥပဒေကို လက်တွေ့တွင်ကျင့်သုံးနိုင်ပါက ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့ထုတ်ကုန်အတွက် ကုန်ပစ္စည်း မူပိုင်ခွင့်ကို အခိုင်အမာရရှိစေခြင်း ထုတ်လုပ် သူနှင့် သုံးစွဲသူ၏ အကျိုးစီးပွားကို ဟန်ချက် ညီစေမည့်အပြင် စားသုံးသူ အကာအကွယ် ပေးရေးအတွက်လည်း အထောက်အကူ ပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
”မူပိုင်ခွင့်ဥပဒေကို စတင်ကျင့်သုံးပြီဆို ရင်တော့ လက်ရှိဈေးကွက်အတွင်းမှာ ရောင်း ချနေတဲ့ ပစ္စည်းတွေက မဖြစ်မနေ မှတ်ပုံ တင်ရမှာဖြစ်တယ်။ မှတ်ပုံမတင်တဲ့ တံဆိပ် တွေကလည်း ဈေးကွက်အတွင်းမှာ ရောင်းချ လို့ရပါတယ်။ ဒါပေမယ့် တစ်စုံတစ်ခုပြသနာ တက်လာပြီဆိုရင်တော့ မှတ်ပုံတင်ထားခြင်း မရှိတဲ့အတွက် အကာအကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး”ဟု ¤င်းက ထပ်မံဖြည့်စွက် ပြောသည်။
မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များ အနေဖြင့် ဈေးကွက်အတွင်း၌ ဆင်တိုးယိုး မှား တံဆိပ်များ ပေါ်ပေါက်လာပါက ဥပဒေ အရဟန့်တားနိုင်မည့်အပြင် ဥပဒေအရ ထိုက်သင့်သည့်အရေးယူခြင်း၊ အကာအ ကွယ်ပေးခြင်းများလည်း ပြုလုပ်ပေးနိုင် မည်ဖြစ်သည်။
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ နယ်ပယ်မှလုပ်ငန်းများ ဝင်ရောက်လာပြီး စီးပွားရေးဈေးကွက်မှာလည်း ကြီးမားကျယ် ပြန့်လာသည့်အတွက် မူပိုင်ခွင့်အကာအကွယ် ပေးမှုများမှာ ပိုမိုလိုအပ်လာလျက်ရှိသည်။
”ဒီဥပဒေက ဆေးကုမ္ပဏီတွေအတွက် လည်း အရေးကြီးပါတယ်။ ဆေးကုမ္ပဏီတွေ က အမှတ်တံဆိပ်တွေ အများကြီးထုတ်တာ ဖြစ်တဲ့အတွက် ဆင်တူယိုးမှားအတုတွေ ရှိ လာနိုင်တယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ဥပဒေကို လေ့လာပြီး မှတ်ပုံတင်ခြင်းတွေကို လုပ်ဆောင်ဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း မှ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောသည်။
၂ဝ၁၃ ခုနှစ်ကစတင်ပြီး အသိÓဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေ မြန်မာပြည်တွင်ပေါ်ပေါက် လာရေး ဆောင်ရွက်ခဲ့ပြီး၂ဝ၂ဝ ခုနှစ်အတွင်း တွင် ကမ္ဘာ့အသိÓဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွင် ဝင်ရောက်လာရေး ဆောက်ရွက်ခဲ့သည်။
၂ဝ၁၇ ခုနှစ်မှ စတင်ကာ မူကြမ်းအဖြစ် ထွက်ရှိလာသော အသိÓဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေများကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင် မှုမူပိုင်ခွင့်ဥပဒေနှင့်စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများအဖြစ် ပြဋ္ဌာန်းခဲ့ပြီး လက် ရှိတွင် နည်းဥပဒေများထွက်ရှိလာရန် လိုအပ် နေသေးသည်။ ဥပဒေထွက်ပေါ်လာမှုနှင့် မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှု ခုံရုံးများ ပေါ် ပေါက်လာမည်ဖြစ်ပြီး တီထွင်ဖန်တီးမှု နယ် ပယ်ပိုကျယ်ပြန့်လာနိုင်သကဲ့သို့ မူပိုင်ခွင့် ဆိုင်ရာ စောင့်ထိန်းအပ်သည့်စည်းမျဉ်းများ ကို လူထုအနေဖြင့် သဘောပေါက်နားလည် ရန်လိုအပ်နေသည်။