အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
People flocked to Myanma Economic Bank to get new K500 notes, which feature the late Martyr General Aung San’s image, as the Central Bank started to inject newly printed K500 notes to replace torn old notes on July 19, which is Martyrs’ Day.
The MEB Bank exchanges two new K500 notes per person.
On the front side of the newly issued brownish red K500 note, 150 mm in length and 70 mm in height bears the image of General Aung San, the letter “Central Bank of Myanmar” on the upper side and “500 Kyats” in Burmese in the middle. On three corners of the banknote bear the value.
On the back of the banknote shows the building of the Central Bank, the letter “CENTRAL BANK OF MYANMAR” in English on the upper side, and “FIVE HUNDRED KYATS” in English in the middle.
The serial numbers of the banknote are printed horizontally in Burmese and vertically in English. On the side of the note shows a watermark of General Aung San’s image. The security thread is embedded vertically.
The old banknotes will remain in circulation. Likewise, the central bank also printed new K1,000 bills featuring General Aung San’s image, but they are rarely seen in circulation as people tend to keep them when they come across one.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူပုံစံသစ်အား ဇူလိုင်လ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာစီးပွားရေးဘဏ်များတွင် ဖြန့်ဝေပေးလျက်ရှိရာ ပြည်သူများ လာရောက်ထုတ်ယူခဲ့ကြသည်။
လူတစ်ဦးကို နှစ်ရွက်နှုန်းဖြင့်စတင်လဲလှယ်ပေးခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ်ဇူလိုင်လ(၁၉)ရက်နေ့တွင် ထုတ်ဝေခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိသည်။ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” စာတန်း ရိုက်နှိပ်ထားသည်။
ငါးရာကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင်ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် “ငါးရာကျပ်” ဟုဖော်ပြထားသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားသည်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ် ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုး ကို ဒေါင်လိုက် မြုပ်နှံထည့်သွင်းထားသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားသည်။
ငါးရာကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “CENTRAL BANK OF MYANMAR” စာတန်းအောက်ပိုင်း၌ “FIVE HUNDRED KYATS” ဟူသော စာတန်းများ ရိုက်နှိပ်ထား သည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထား သည်။
လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော တစ်ထောင်တန် ငွေစက္ကူသစ်တွေကိုလည်း အစိုးရ စီးပွားရေးဘဏ်များမှ ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ကာ လဲလှယ်ပေးခဲ့ရာ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိ ခြင်းမရှိသေးပေ။