HomeBusinessLocalနေအိမ်မှ အပြင်ထွက်သူတိုင်း နှာခေါင်းစည်း မဝတ်ဆင်ပါက ဒဏ်ငွေ ကျပ်ငါးထောင် ဆောင်ရမည်

နေအိမ်မှ အပြင်ထွက်သူတိုင်း နှာခေါင်းစည်း မဝတ်ဆင်ပါက ဒဏ်ငွေ ကျပ်ငါးထောင် ဆောင်ရမည်

English Text Below

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၃ ရက်နေ့မှ စတင်၍ နေအိမ်ပြင်ပသို့ ထွက်သူတိုင်း နှာခေါင်းစည်း (Mask) ဝတ်ဆင်ခြင်းမရှိဘဲ သွားလာပါက ကူးစက်ရောဂါနှင့် ကာကွယ်နှိမ်နှင်းရေး ဉပဒေနှင့်အညီ ဒဏ်ငွေ ငါးထောင်ပေးဆောင်စေကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

နေရာတစ်နေရာတွင် လူငါးဦးထက်မပိုရန်၊ လူစုလူဝေးမပြုလုပ်ရန် ကြေညာချက် ထုတ်ပြန်ထားပြီး ယင်းစည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ဉပဒေနှင့်အညီ အရေးယူမှု ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် YBS စီးနှင်းမည့် ခရီးသည်များ နှာခေါင်းစည်း ဝတ်ဆင်ထားမှသာ ယာဉ်ပေါ်တွင် လိုက်ပါစီးနှင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

Being able to hold your breath for 10 seconds or more without coughing or feeling discomfort DOES NOT mean you are free from the COVID-19 or any other lung disease.

 

မန္တလေးတိုင်းဒေသကြီးတွင်လည်း  ရောဂါကာကွယ်နိုင်ရန်အတွက် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များတပ်ဆင်ရန် မေလ ၉ရက်နေ့မှ ၁၅ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး သတ်မှတ်ကာလက ကျော်လွန်ပြီးနောက်ပိုင်းတွင် Mask တပ်ဆင်ခြင်းမရှိသည်များကို စစ်ဆေးတွေ့ရှိပါက ကျပ်ငွေငါးထောင်နှင့် Mask နှစ်ခု ၀ယ်ယူရမည်ဟု မန္တလေးတိုင်းဒေကြီး အစိုးရက မေလ ၈ရက်နေ့တွင် ထုတ်ပြန်ထားသည်။


Everyone who goes out in Yangon is ordered to wear face mask starting from May 13 or will face K5,000 fines in accordance with the Contagious Disease Prevention and Control Law, according to the local authorities.

Moreover, local authorities also order people not to gether more than five people or they will face legal actions. 

Communters will require to wear mask to take YBS buses. 

In Mandalay, local authorities have also made similar orders enforcing people to wear a mask every time they go out or they will be fined K5,000 and require to buy two masks.

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img