by Zin Thu Tun
South Korean oil and gas company POSCO International recently announced that it had discovered a new gas field at Mahar-1 exploration well in A-3 Block off the shore of Rakhine State.
The well is 30 km south of A1 Shwe Gas field. POSCO confirmed a 12-meter gas layer by drilling 2,598 meters underground in the Mahar structure, a deep-sea area of more than 1,000 meter depth. The well is expected to produce 38 million cubic feet per day.
Officials from the Ministry of Electricity and Energy have visited the Mahar exploration well to inspect progress. The project’s advantages include being close to Shwe gas field, reducing cost and construction time.
Work on the Maha (1) exploration well started in November and the targeted depth of 2,598 meters was reached on January 19.
POSCO provides 51 percent of investment in the A-1 and A-3 blocks. Myanma Oil and Gas Enterprise provides 15 percent, India’s ONGC and GAIL 17 percent and 8.5 percent, respectively, and South Korea’s KOGAS 8.5 percent.
POSCO started digging the Mya-1 exploration well in the A-3 block in 2005 and has found gas reserves for commercial production. In 2009, the company produced around 500 million cubic feet of natural gas per day from the Shwe gas well in A-1 block and Mya Gas well in A-3 Block.
Myanmar has up to 38 offshore oil and gas blocks, jointly carried out in collaboration with foreign companies, and 27 onshore blocks.
ရခိုင်ကမ်းလွန် A-3လုပ်ကွက်အတွင်း သဘာဝဓါတ်ငွေ့သိုက်တစ်ခုတွေ့ရှိ
ရခိုင်ကမ်းလွန် A-3 လုပ်ကွက် မဟာ(၁) ရှာဖွေရေးတွင်းတွင် သဘာဝဓာတ်ငွေ့သိုက်တစ်ခုတွေ့ရှိခဲ့ ကြောင်း ကိုရီးယားကုမ္ပဏီ POSCO International က ဖေဖော်ဝါရီလ(၁၇)၌ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းလုပ်ကွက်သည် လက်ရှိတူးဖော်နေသော A1 ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၏ တောင်ဘက်(၃၀) ကီလိုမီတာအကွာတွင် တည်ရှိပြီး ထုတ်လုပ်မှုစမ်းသပ်ချက်များအရ တစ်ရက်လျှင် ကုဗပေ(၃၈)သန်းထွက်ရှိကာ သဲကြောအသားတင် အထူမှာ(၁၂)မီတာရှိကာ ယင်းဓါတ်ငွေ့သိုက်ကို ဆက်လက်တူးဖော်လေ့လာကာ စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
သဘာဝဓါတ်ငွေ့သိုက်အသစ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများသွားရောက် ကြည့်ရှုခဲ့ပြီး ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းနှင့်အကွာအဝေးလျော့နည်းခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျ စရိတ်လျှော့ချနိုင်မည်ဖြစ်ကာ တည်ဆောက်ရေးကာလတိုတောင်းနိုင်သည့် အားသာချက်များရှိသည်။
မဟာ (၁) ရှာဖွေရေးတွင်းကို ယမန်နှစ် နိုဝင်ဘာလတွင် Top Hole စတင်တူးဖော်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။
A-1 နှင့် A-3 လုပ်ကွက်နှစ်ခုတွင် POSCO International ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံ ONGC ကုမ္ပဏီမှ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်း နှင့် ကိုရီးယား နိုင်ငံ KOGAS ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်း စီအသီးသီးပါဝင်ကာ အကျိုးတူ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းတွင် POSCO international ကုမ္ပဏီမှ မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၀၉ ခုနှစ်တွင် လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နှင့် လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားကုမ္ပဏီများနှင့်ဆောင်ရွက်နေသော မြန်မာ့ကမ်းလွန်လုပ်ကွက် ၃၈ ကွက်ထိရှိပြီး ရခိုင်ကမ်းလွန်တွင် ရေတိမ်ပိုင်းနှင့်ရေနက်ပိုင်းကမ်းလွန်လုပ်ကွက်ပေါင်း ၁၆ ကွက်အထိရှိသည်။ ကုန်းပိုင်းလုပ်ကွက် ၂၇ ခုထိ ရှိကြောင်း ဝန်ကြီးဌာနစာရင်းများအရ သိရသည်။