Myanmar has made progress in poverty reduction as the proportion of the population living in poverty declined by almost 50 percent between 2005 and 2017, according to the Poverty Report, issued by the World Bank, UNDP, and the Central Statistical Organization.
The proportion of the population living below the poverty line declined from 48.2 percent in 2005 to 24.8 percent in 2017. Despite population growth, the number of poor people declined from 18.7 million in 2005 to 11.8 million in 2017.
However, much of the population, the report cautioned, remains vulnerable to falling into poverty, particularly in the face of an unanticipated negative shock.
The most commonly experienced shock is high prices for food, 12.5 percent of households report being affected by this; followed by serious illnesses/injuries, low prices for agricultural output, floods, and very heavy rain/hail.
The poverty headcount is significantly higher in rural areas of Myanmar with 30.2 percent than in urban areas with 11.3 percent. This, coupled with the relatively large proportion of the population residing in rural areas, means that rural inhabitants make up an overwhelming majority-87 percent-of the nation’s poor. The number of poor people is 6.7 times higher in rural areas than in urban areas.
Overall, inequality remains at a moderate level. Poverty indices are affected only by changes in consumption for those below the poverty line.
The 2017 Myanmar Living Conditions Survey (MLCS) was implemented
by the Central Statistical Organization (CSO) in the Ministry of Planning
and Finance (MOPF), with financial and technical support from the World
Bank and the United Nations Development Programme (UNDP).
The MLCS was conducted over a 12-month period from December 2016 to December
2017. It covered 13,730 households sampled countrywide.
၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ အကြားတွင် မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေမှုခံစားနေရသော လူဦးရေ၏ ၅၀ ရာခိုင်နှုန်းမျှလျော့ကျသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၊ UNDP နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှုမျဥ်းအောက်တွင် နေထိုင်နေရသော လူဦးရေမှာ ၄၈ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။ လူဦးရေတိုးလာသော်လည်း ၂၀၀ ၅ခုနှစ်တွင် လူပေါင်း ၁၈ ဒသမ ၇ သန်းမျှ ဆင်းရဲမွဲတေမှုမျဥ်းအောက်ရောက်နေပြီး ၂၀၁၇ ခုနှစ်တွင် ၁၁ဒသမ ၈ သန်းသို့ လျော့ကျလာခဲ့ကြောင်း သိရသည်။
သို့သော် လူဦးရေအများစုမှာ မမျှော်မှန်းထားသော ဘေးအန္တရာယ်၊ ထိခိုက်မှုများ ကြုံရသည့်အခါတွင် ဆင်းရဲမွဲတေမှုမျဉ်းထဲ ပြန်ရောက်နိုင်ခြေရှိနေသေးကြောင်း အစီရင်ခံစာကဆိုသည်။ အများဆုံးကြုံတွေ့ရသည့် ဘေးအန္တရာယ်၊ ထိခိုက်မှုများမှာ စားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ အပြင်းအထန် နာမကျန်း/မတော်တဆ ဖြစ်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းမရခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းများဖြစ်သည်။
မြန်မာနိုင်ငံရှိ ကျေးလက်ဒေသတွင် ဆင်းရဲမွဲတေမှု ၃၀ ဒသမ၂ ရာခိုင်နှုန်းရှိပြီး မြို့ပြဒေသများတွင်တော့ ၁၁ ဒသမ၃ ရာခိုင်နှုန်း ရှိသည်ဖြစ်ရာ ကျေးလက်ဒေသများသည် မြို့ပြဒေသများထက် ဆင်းရဲမွဲတေမှုနှုန်း မြင့်မားသည်။ ဤသည်မှာလည်း ကျေးလက်ဒေသတွင် နေထိုင်သူများပြားခြင်းကြောင့်လည်း ဖြစ်သည်။
ခြုံ၍ကြည့်လျှင် မညီမျှမှုများမှာ မြင့်မားနေဆဲဖြစ်သည်။ ဆင်းရဲမွဲတေမှုအညွှန်းကိန်းများမှာလည်း ဆင်းရဲမွဲတေမှုမျဥ်းအောက်မှ လူများ၏ ဝယ်ယူစားသုံးမှုအပြောင်းအလဲဖြစ်လာသည့်အခါမှသာ ပြောင်းလဲလာနိုင်မည်ဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF)၊ ဗဟိုစာရင်းအင်းအဖွဲ့(CSO) သည် ကမ္ဘာ့ဘဏ်(WB)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့၏ ငွေကြေးနှင့် နည်းပညာအကူအညီဖြင့် မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း(MLCS)-၂၀၁၇ ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ ၁၂ လတာနိုင်ငံတစ်ဝှမ်းမှ စာရင်းအင်းနည်းလမ်းအရ ရွေးချယ်ထားသော နမူနာအိမ်ထောင်စုပေါင်း ၁၃,၇၃၀ စု ထံမှ ကောက်ယူခဲ့ပါသည်။ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်းအား အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။