Power Access for Every Village in Yangon Region by Yearend

0
225
Zarni Min Naing/MBT

Ei Thandar Tun

The government plans to extend electricity access to 700 villages in Yangon Region this year, which means every village in the region will have access to power by yearend, according to U Win Khaing, Union Minister of Electricity and Energy.
During the 2018-2019 fiscal year, 269 villages in Yangon Region gained access to electricity, boosting electrification rate to 64 percent. The government aims to connect another 495 villages to the grid this fiscal year, increasing electricity access to 87 percent, and the remaining 259 villages will have power access by the end of December.
“The government is trying its best for comprehensive development as well as infrastructural development and reliable power,” said the minister. “In 2019, we managed to provide electricity to 50 percent of all households in the country.”
The government is building a power substation and expanding the grid network to increase coverage. Since April 2016, it has spent K179.69 billion on the electrification scheme.
During fiscal 2019, it spent K32.6 billion to build seven 33/11 KV, 5 MVA substations, a 61-mile, 33 KV power grid, a 267-mile, 11 KV power grid, a 208-miles, 400 volt power grid and 302 transformers.
The Ministry of Electricity and Energy has set a target of 55 percent electricity access across the country by 2021, 75 percent by 2025-2026 and 100 percent by 2030.


Myanmar Summary

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော နေရာများတွင် လျှပ်စစ်မီးရရှိစေရေးအတွက်ဆောင်ရွက်သည့်  ကိုယ်ထူကိုယ်ထ မီးလင်းရေး အစီအစဉ်များကို ဖျက်သိမ်းကာ နိုင်ငံတော်မှ လျှပ်စစ်မီးအပြည့်အဝရရှိစေရေး မီးလင်းရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကမာကလုတ်ကျေးရွာနှင့် ကရင်ချောင် ကျေးရွာအနီးတွင် ဖွင့်လှစ်သည့် 33/11 KV, 5 MVA ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ ရပ်ရွာမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီတွေကနေပြီး ကိုယ့်ရဲ့ သြဇာ၊ အာဏာကို ထူထောင်တာမျိုးတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ မီးလင်းဖို့အတွက် ကော်မတီနဲ့ အဆင်ပြေအောင် ပေါင်းပြီး ဆောင်ရွက်နေကြတာတွေ တွေ့နေရပါတယ်။ ဒါ့အပြင် ကိုယ်ထူကိုယ်ထ မီးလင်းရေးရဲ့ ရန်ပုံငွေတွေအပေါ်မှာ စနစ်တကျ သုံးစွဲမှုမရှိတာတွေကိုလည်း တွေ့ရတယ်။ ဒါကြောင့် ဒီစနစ်ကို ဖျက်သိမ်းတာပါ” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်မီးရရှိစေရန် ကိုယ်ထူကိုယ်ထ မီးရရှိရေး လုပ်ဆောင်ခဲ့ရသည့်အတွက် အရည်အသွေးမပြည့်မီသည့် ကြိုးလိုင်းများရှိပြီး ယင်းကြိုးများကို လွှဲပြောင်းရယူမည့်အပြင် လွှဲပြောင်းရယူရန် မဖြစ်နိုင်သည့် ကြိုးလိုင်းများကိုလည်း တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထ မီးလင်းရေးစနစ်ကို ဖျက်သိမ်းလိုက်သည့်အတွက် နောက်ပိုင်းတွင် မီးလင်းရေးကိစ္စများအတွက် ငွေကြေးကောက်ခံမှုများ ရှိတော့မဟုတ်ဘဲ မီးလင်းရေးကိစ္စရပ်များကို YESCက သာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရသည့် အတွက် ၂၀၁၈-၂၀၁၉ ခုနှစ်မှစတင်ပြီး ရန်ကုန်တွင် ဓာတ်အားခွဲရုံအသစ် ခုနှစ်ခုတည်ဆောက်ရန် စီစဉ်ခဲ့သည်။ ယင်းခုနှစ်ခုအနက် တစ်ခုဖြစ်သည့် ကမာကလုတ်ကျေးရွာနှင့် ကရင်ချောင်ကျေးရွာအနီးတွင် 33/11 KV, 5 MVA ဓာတ်အားခွဲရုံကို တစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ယခင်ကဲ့သို့ ဓာတ်အားလိုင်းမှ ဖြန့်ဖြူးခြင်းမဟုတ်ဘဲ ဓာတ်အားခွဲရုံအသစ်မှ ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်သည့်အတွက် ဓာတ်အားလိုင်းတိုသွားကာ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ရရှိလာမည်ဖြစ်သည်။

အဆိုပါ ဓာတ်အားခွဲရုံတိုးချဲ့ တည်ဆောက်ခြင်းကြောင့် ဓာတ်အားခွဲရုံနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှှုရေးတို့ တိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည်။

“ အရင်ကဆိုရင် ဓာတ်အားလိုင်းကနေတစ်ဆင့် မိုင်ရှည်လျားစွာ ဓာတ်အားဖြန့်ဖြူးပေးရတဲ့အတွက် ဓာတ်အားပျောက်ဆုံးမှုတွေဖြစ်ပေါ်တယ်။ ဓာတ်အားပြတ်ချိန်တွေများတယ်။ အပြစ်ရှာဖွေရတဲ့ အချိန်တွေများတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံကို တိုးချဲ့တည်ဆောက်တာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ယခင်က ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ ၅ ခုမှ အိမ်ထောင်စု ၉၆၄ စုကိုသာ ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့ပြီး ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်လိုက်ခြင်းကြောင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ကျောက်တန်းမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ အိမ်ထောင်စု ၇၂၆ စုထံသို့ တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleThe Tech That Will Invade Our Lives in 2020
Next article60-Ton Weight Cap for Imported Heavy Machinery