HomeBusinessPresident Calls for Collective Action to Mitigate Covid-19 Impact

President Calls for Collective Action to Mitigate Covid-19 Impact

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Written by Tayzar Bhone Myint

U Win Myint, President of Myanmar, has called, on June 22, for collective efforts to mitigate the COVID-19 impact on the country’s economy. 

“We will put our best efforts to help the small and medium enterprises make more money and to create jobs and business opportunities for low-income people,” said the president. 

He stressed the importance of a strong and effective collaboration between various government bodies when implementing projects to lessen the impact of Covid-19.

The country has adopted an economic relief plan called Overcoming as One: COVID-19 Economic Relief Plan comprising seven goals and ten working plan. Daw Aung San Suu Kyi, State Counselor of Myanmar, praised it as a foundation for the economy, not just a relief plan. 

The global economy is showing downward trends as the COVID-19 pandemic nearly stalled almost every aspect of the international trade, and Myanmar’s economy also felt the same, with president forecast a possible drop in 2019-2020 fiscal year.

International Monetary Fund has lowered its forecast for Myanmar economic growth in 2020 to 5 percent from 6 percent before. 

Translated by Min Thu Aung

Related stories: Myanmar Secures 43,000 Tons of Rice as Reserve


COVID-19 ကြောင့်စီးပွားရေး ထိခိုက်မှုများ ကိုအမြန်ဆုံးကုစားနိုင်ရန်ဝိုင်း၀န်းကြိုးပမ်းမှသာ စီးပွားရေးကျ
ဆင်းမှုနည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မ ဦး၀င်းမြင့်က ဇွန်လ ၂၂ ရက်နေ့က ပြောကြားသည်။

“အသေးစားအလတ်စား လုပ်ငန်းများတိုးတက်စေရေးနဲ့ ၀င်ငွေနဲပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေး အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့ အတွက်ဆက်လက်ဆောင်ရွက်သွားမည်” ဟု နိုင်ငံတော်သမ္မတကပြောသည်။

ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ပြည်နယ်များကြား ပေါင်းစပ်ညှိုင်းနိုင်းမှု အားကောင်းရေးနှင့် အပြန်အလှန်နားလည်မှုရှိရေးသည် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အ ရေးပါ ကြောင်းလည်းပြောသည်။

COVID-19 ကြောင့်စီးပွားရေးကျဆင်းမှုကို ကုစားမှုအစီအစဥ် CERP ကို ရည်မှန်းချက် ၇ ရပ်၊ မဟာဗျူဟာ ၁၀ ရပ်အပေါ်တွင်ရေးဆွဲ အကောင်အထည်ဖော်နေကြောင်းလည်းပြောကြားခဲ့သည်။

COVID-19 ကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး ဒေသအလိုက်စီးပွားရေးအခြေအနေများ လည်းကျဆင်းနေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံသည်လည်း တခြားနိုင်ငံများနည်းတူ ၂၀၁၉−၂၀၂၀ ဘဏ္ဏာနှစ်ကုန်တွင် ယခင်နှစ်ထက်ကျဆင်းမည်ဟု နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာဌာနမှလည်း ခန်းမှန်းထားကြောင်းလည်း နိုင်ငံတော်သမ္မတမှ ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများမှ သက်သာရေးဆိုင်ရာ အစီအစဉ်ကို ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ကြောင့်  စီးပွားရေးထိခိုက်ခဲ့ရမှုများမှသက်သာခွင့်ရရေးကိုသာမက  မြန်မာစီးပွားရေး အမြန်ဆုံးဦးမော့လာရေး အခြေခံအုတ်မြစ်ချထားမှုလည်းပါဝင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ယင်းအစီအစဉ်သည် သက်ဆိုင်သူအားလုံး၏လိုအပ်ချက်များကို ချိန်ညှိပေးပြီး တစ်ချိန်တည်းမှာပင် မည်သူ့ကိုမျှ နောက်ချန်ထားခဲ့မည်မဟုတ်ကြောင်လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ယခင်က ခန့်မှန်းထားသည့် ခြောက်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းထားသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img