Price Dropped to K25 Million for Land Plots in Naypyidaw

0
831

The Municipal Committee of Naypyidaw recently announced it will sell 197 land plots of 6,400 square feet each in Dekhina Thiri Township for a reduced price of K25 million.
The land plots will be sold to those who will actually occupy them. Buyers will be required to build fence and a house within a year or the committee will take the land back without returning any of the payments already made.
“We have dropped the price to K25 million from K35 million,” said an official from the municipal committee.
Myanmar citizens are eligible to apply to purchase the land plots, but transfer and resale of the property are prohibited. The committee will issue a 30-year land lease contract after the buyer has built a house on the acquired plot.
Application forms can be obtained from the committee’s office during December 1-30. Buyers will be chosen through a lottery system.
Prospective buyers can apply for a maximum 10-year loan from Naypyidaw Municipal Bank at 13 percent per annum.

နေပြည်တော်ကော်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ပေ(၈ဝ)ပတ်လည်မြေကွက် ပေါင်း (၁၉၇)ကို တစ်ကွက်လျှင် ကျပ်သိန်း (၂၅ဝ)နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ က ကြေညာထားသည်။
မြေကွက် ဝယ်ယူလိုသူများအနေဖြင့် အမှန်တကယ် နေအိမ်ဆောက်လုပ်နေထိုင် သူများ ဖြစ်ရန်လိုအပ်ပြီး မြေကွက်ဝယ်ယူပြီး ခြောက်လအတွင်း ခြံစည်းရိုးကာရံခြင်း၊ တစ်နှစ်အတွင်းနေအိမ် ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရမည်ဟု ကြေညာချက်၌ ဖော်ပြ ထားသည်။
သတ်မှတ်ထားသောတစ်နှစ်အတွင်း နေ အိမ်ဆောက်လုပ်ခြင်းမရှိပါက ပေးသွင်းထား သော မြေတန်ဖိုးကို နေပြည်တော်စည်ပင် သာယာရေးကော်မတီက သိမ်းဆည်းသွား မည်ဖြစ်သည်။
”ဒီမြေကွက်တွေကို ယခင်ကသတ်မှတ်ထား တာသိန်း(၃၅ဝ)အခုက သိန်း(၂၅ဝ)နဲ့ ဈေးနှုန်းလျှော့ပြီးတော့ ရောင်းချပေးတာ ပါ”ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားမဆို သတ်မှတ်ထားသော ထောက်ခံချက်များဖြင့် လာရောက်လျှောက် ထားဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူ သည် မြေကွက်ကို ခွဲခြမ်းစိတ်ဖြာ၍ရောင်းချ ခြင်း၊ တဆင့်လွှဲပြောင်းခြင်း၊ ပေးကမ်း ခြင်း များမပြုရဟု ကြေညာချက်၌ ပါဝင်သောစည်း ကမ်းချက်တွင် ဖော်ပြထားပြီး နေအိမ် ဆောက်လုပ်ပြီးစီးမှသာ နှစ်(၃ဝ)သက်တမ်းရှိ မြေငှားစာချုပ်ရရှိမည်ဖြစ်သည်။
လျှောက်လွှာပုံစံများကို နေပြည်တော်စည် ပင်သာယာရေးကော်မတီမှ အခမဲ့ရယူကာ ဒီဇင်ဘာ(၁)မှ(၃ဝ)ရက်အတွင်း ကော်မတီ တွင် ရုံးချိန်အတွင်း လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသော မြေကွက်များကို မဲနှိုက် စနစ်ဖြင့် ရွေးချယ်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

 

SOURCEZin Thu Tun/Myanmar Business Today
Previous articleE-bike Route Proposed for Bagan
Next articleYangon to Get Second Housing Project for Squatters