Private Bus Lines to Be Folded into YRG-Owned Companies

0
395
Zarni Min Naing/MBT

Private bus lines will be folded into public companies owned by the Yangon Regional Government by March, according to a January 8 press conference organized by Yangon Region Transport Authority (YRTA).
“We have had difficulty adding private bus lines to public companies. However, we will do it as the chief minister of Yangon, who is the patron of the company, has instructed us to do so by March 31,” YRTA joint secretary U Hla Aung said.
The move is prompted by overcharging by private bus lines and reckless driving by their drivers.
Drivers of buses operated by public companies are paid a salary and are not allowed to compete for passengers with other drivers. In 2017, the Yangon Regional Government undertook a reform of the whole public transport system in Yangon. From this reform emerged Yangon Bus Service (YBS), comprising private bus lines and public companies’ bus lines. The YRG also poured funds into public companies.
There are over 4,300 buses in Yangon serving 1.3 million commuters. The regional government is working to install a card payment system on YBS buses. In the initial phase, the system has been installed on more than 1,400 buses owned by YUPT, YBPC, Bandula Co. and Shwe Taung Paine Co. However, commuters will have to wait a few weeks to use the new system.
In the second phase, another 1,039 buses will be fitted with the system.


Myanmar Summary

၂၀၂၀ ခုနှစ် မတ်လအကုန်နောက်ဆုံးထားပြီး ပုဂ္ဂလိကပိုင် YBS ယာဉ်များကို ရန်ကုန်တိုင်းအစိုးရ၏ အများပိုင်ကုမ္ပဏီယာဉ်လိုင်းများတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှှု အာဏာပိုင်အဖွဲ့ YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဇန်နဝါရီလ ၈ ရက်က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။

“ လက်ရှိ  YRTA  မှာ ကုမ္ပဏီပိုင်ယာဉ်တွေက အကြမ်းဖျင်းပြောရရင် ၃၀၀၀ ပတ်ဝန်းကျင်ကို ရောက်နေပြီ ။ ဒါပေမယ့် ပုဂ္ဂလိကက ကျန်တဲ့ယာဉ်တွေကို ကုမ္ပဏီပိုင်လုပ်တော့မယ် ဆိုတဲ့အခါ ကျွန်တော်တို့ အများကြီးစိန်ခေါ်မှှု တွေရှိတယ် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နာယကကြီးဖြစ်တဲ့ ဝန်ကြီးချုပ်က ၂၀၂၀ မတ်လ ၃၁ ရက်နောက်ဆုံးထားပြီး ယာဉ်တွေကို ကုမ္ပဏီပိုင်ယာဉ်တွေ ဖြစ်စေဖို့ ညွှန်ကြားထားတာ ရှိတယ်။ ဒါကို  YRTA အနေနဲ့ နည်းလမ်းပေါင်းစုံ စဉ်းစားပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အများပြည်သူကိုဝန်ဆောင်မှှုပေးနေသော YBS ယာဉ်များတွင် ပုဂ္ဂလိက ပိုင်ယာဉ်များ ရှိနေသည့်အတွက် YRTA အနေဖြင့် ထိန်းသိမ်းနိုင်ရန်အခက်အခဲများ ရှိနေခြင်းကြောင့် ယခုအခါ မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ပိုင်ယာဉ်များတွင် ယာဉ်အကူ စပါယ်ယာများ ပါရှိပြီး ယာဉ်စီးခနှှုန်းထားများကို သတ်မှတ်ပမာဏထက် ပိုမို ကောက်ခံခြင်းများ ၊ ယခင် မ.ထ.သ စနစ်များကဲ့သို့ ပြိုင်မောင်းခြင်း လုမောင်းခြင်းများ ပြုလုပ်ခြင်းများဆောင်ရွက်လျက်ရှိသည်။

အများပိုင်ကုမ္ပဏီများမှ ယာဉ်များအနေဖြင့် ယာဉ်အကူ မပါရှိဘဲ လစာစနစ်ဖြင့် မောင်းနှင်ရသည့်အတွက် ပြိုင်မောင်းခြင်း ၊ လုမောင်းခြင်းများ မရှိဘဲ သက်မှတ်ယာဉ်စီးခနှုန်းထားများ အတိုင်းသာ ခရီးသည်မှ ကိုယ်တိုင်ပေးခြင်းစသည့် စနစ်များဖြင့် ဝန်ဆောင်မှှုပေးလျက်ရှိကြောင်း သိရသည်။      ၂၀၁၇ ခုနှစ် မှ စတင်ကာ ယခင်ပုဂ္ဂလိက ယာဉ်များအဖြစ်ပြေးဆွဲနေသည့် မ.ထ.သ စနစ်ကို ဖျက်သိမ်းခဲ့ပြီး YBS ယာဉ်လိုင်းအဖြစ်ပြောင်းလဲ ပြေးဆွဲခဲ့သည်။ ထိုသို့ပြောင်းလဲပြေးဆွဲမှှုတွင် ယခင်ပုဂ္ဂလိက ပိုင်ရှင်များမှ ပိုင်ဆိုင်သည့် ယာဉ်လိုင်းများ ၊ အစိုးရမှ မတည်ငွေရင်းထည့်ဝင်ကာ တည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီ ဟူ၍ နှစ်မျိုးကွဲပြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသည့် YBS ဘတ်ကားလမ်းကြောင်းပေါင်း ၁၃၅ ခုရှိပြီး ယာဉ်အစီးရေ ၄၃၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသွားပြည်သူဦးရေ ၁ ဒသမ ၃ သန်းခန့်ကို ဝန်ဆောင်မှှုများ ပေးလျက်ရှိ သည်။ YBS  ယာဉ်လိုင်းများတွင် ကတ်စနစ်ဖြင့်ငွေပေးချေနိုင်ရန်လည်း စီစဉ်နေရာ ပထမအဆင့်အနေဖြင့် ကုမ္ပဏီ လေးခုဖြစ်သည့် YUPT ကုမ္ပဏီ၊ YBPC ကုမ္ပဏီ၊ ဗန္ဓုလကုမ္ပဏီနှင့် ရွှေတောင်ပိုင်း ကုမ္ပဏီတို့မှ ယာဉ်အစီးရေ ၁၄၀၀ ကျော်တွင် ကတ်ဖြင့်ငွေပေးချေနိုင်သည့်စနစ်ကို တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့်အနေဖြင့် ယာဉ်အစီးရေ ၁၀၃၉ စီးတွင် YBS Payment Card System စက်များတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကတ်ဖြင့်ငွေပေးမချေနိုင်သေးသော်လည်း လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း အသုံးနိုင်တော့မည်ဖြစ်သည်။

SOURCETin mg Oo /Myanmar Business Today
Previous articleGiving Property as Gift May Require Tax Payment
Next articlePatent Law to Come into Effect This Year