The Privatization Commission under the Ministry of Commerce will sell under open tender 25 properties it owns in Bago, Yangon and Mandalay regions.
The tender form can be obtained from the Office of the Privatization Commission in Naypyidaw from November 13 to December 12.
The properties for sale in Bago Region include a 1,144 sq.ft. ground-floor apartment in Quarter 9 east of Myoma Quarter Market, Nyaung Laybin City and a 0.5 acre land plot in Tabinshwehti Quarter, Taungoo City.
Yangon properties include two land plots, of 0.144 acres and 0.330 acres, in South Okkalapa Township; a 0.0275 acre land plot in 18 Quarter, Hlaing Tharyar Township; two land plots sized 0.055 acres and 0.131 acres in FMI compound; a 0.083 acre land plot in Nawaday Housing and a 0.330 acre land plot in Shwe Pyi Thar Township.
Other properties on offer in Yangon include a 362 sq.ft. shophouse; a 1,565 sq.ft. apartment and two ground-floor apartments, one of 1,322 sq.ft. on Kabar Aye Pagoda Road, Bahan Township and the other sized 1,500 sq.ft. on Bosoonpat Street in Pabedan Township; two shophouses on the first floor of Myaynigone Plaza and a 0.0275 acre land plot in East Dagon Myothit.
Properties to be sold in Mandalay Region include one 0.0551 acre land plot in Pyi Gyi Tagon Township; one 0.514 acre land plot and a warehouse in Mogok Township; two land plots, sized 0.0355 acres and 0.5626 acres; and a 720 sq. ft. apartment in Chanayetharzan Quarter, Mandalay.
Tender proposals must include a proposed price and a statement indicating that the applicant has seen the property being tendered for.
The Commission will announce the list of chosen applicants on December 12.
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက် အောက်ရှိ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် လက်ဝယ်တွင်ရှိသည့် မြေ၊အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း (၂၅) ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း နှင့် မြေကွက်စုစုပေါင်း (၂၅) ခုကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး နိုဝင် ဘာ ၁၃ မှ ဒီဇင်ဘာ ၁၂ ရက် အထိ ပုဂ္ဂလိ ကပိုင် ပြုလုပ်ရေးကော်မရှင်ရုံး၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီး ဌာန၊ နေပြည်တော်တွင် တင်ဒါပုံစံများကို ရောင်း ချသွားမည်ဖြစ်ကြောင်းသိရသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ အိတ် ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့် မြေကွက် များမှာ ပဲခူးတိုင်း၊ရန်ကုန်တိုင်း နှင့် မန္တလေး တိုင်းတို့မှ မြေကွက်များဖြစ်သည်။
ပဲခူးတိုင်း ညောင်လေးပင်မြို့၊ မြို့မရပ် ကွက်၊ ဈေးအရှေ့ရှိ မြေတိုင်းရပ်ကွက်(၉) ဦးပိုင်အမှတ် (၄၃) စတုရန်းပေ (၁၁၄၄) ကျယ်ဝန်းသည့် မြေညီထပ်အခန်း၊ တောင်ငူ မြို့ တပင်ရွှေထီးရပ်ကွက် ၊၃ / ရဝေရှင်ထွေး အနောက်၊ ဦးပိုင်အမှတ် ၂၃၅ မြေဧက ဝ ဒသမ ၅ ဧကကျယ်ဝန်းသည့် မြေနေရာကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်ဥက္က လာပမြို့နယ် ငွေကြာရံရပ်ကွက်ရှိ ဝ ဒသမ ၁၄၄ ဧက၊ လှိုင်သာယာမြို့နယ် ၁၈ ရပ်ကွက် ဝ ဒသမ ဝ၂၇၅ ဧက၊ ပဒေသာပင်မြို့တော် FMI မြေနေရာရှိ ဝ ဒသမ ဝ၅၅ ဧက နှင့် ဝ ဒသမ ၁၃၁ ဧက၊ နဝဒေးအိမ်ရာရှိ ဝ ဒသမ ဝ၈၃ ဧက၊ တောင်ဥက္ကလာမြို့နယ်တွင် ဝ ဒသမ ၃၃ဝ ဧက၊ ရွှေပြည်သာမြို့နယ်ရှိ ဝ ဒသမ ၃၃ဝ ဧက၊ ဗဟန်းမြို့နယ် ကမ္ဘာ အေးစေတီလမ်းရှိ စတုရန်းပေ ၃၆၂ ပေ ကျယ်ဝန်းသည့် ဆိုင်ခန်း၊စတုရန်းပေ ၁၅၆၅ ကျယ်ဝန်းသည့် တိုက်ခန်း၊ စတုရန်းပေ ၁၃၂၂ ကျယ်ဝန်းသည့် မြေညီ ထပ်တိုက်ခန်း နှင့် စတုရန်းပေ ၁၃၂၂ ကျယ် ဝန်းသည့် မြေညီထပ်တိုက်ခန်း၊ ပန်းဘဲတန်း မြို့နယ် ဗိုလ်ဆွန်ပက်လမ်းရှိ စတုရန်းပေ ၁၅ဝဝ ကျယ်ဝန်း သည့်တိုက်ခန်း၊ စမ်း ချောင်းမြို့ နယ် မြေနီကုန်းပလာဇာပထမ ထပ်ရှိ ဆိုင် ခန်း(၂) ခန်းနှင့် ဒဂုံမြို့သစ်အရှေ့ ပိုင်း မြို့ နယ်ရှိ ဝ ဒသမ ဝ၂၇၅ ဧကကျယ် ဝန်းသည့် မြေကွက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရ သည်။
ထိုပြင် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့ နယ်ရှိ ဝ ဒသမ ဝ၅၅၁ ဧက၊ မိုးကုတ်မြို့နယ်ရှိ ဝ ဒသမ ၅၁၄ ဧကနှင့် သိုလှောင်ရုံ ၁ လုံး ၊ ချမ်းအေးသာဇံအလယ်ရပ်ကွက်တွင် စတု ရန်းပေ ၇၂ဝ ကျယ်ဝန်းသည့် တိုက်ခန်း၊ ဝ ဒသမ ဝ၃၅၅ ကျယ်ဝန်းသည့် မြေနှင့် ဝ ဒသမ ၅၆၂၆ ဧက ကျယ်ဝန်းသည့် မြေ ကွက်နှင့်အဆောက်အအုံများကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် သည်။
ယင်းမြေကွက်များကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဝယ်ယူလိုသူများသည် ဝယ်ယူရန် အဆိုပြုလွှာတင်သွင်းချိန်တွင် အဆိုပါ မြေကွက်များအားကြည့်ရှုပြီးဖြစ်ကြောင်း ဝန်ခံချက်ပူးတွဲတင်ပြရမည်ဖြစ်ပြီး စပေါ် ပေးသွင်းရမည့်ဈေးနှုန်းအား အဆိုပြုလွှာ ဝယ်ယူသည့်အချိန်တွင် ထည့်သွင်းဖော်ပြ ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေကွက်များဝယ်ယူခွင့်ရရှိသည့် စာရင်းကို ဒီဇင်ဘာ ၁၂ ရက်တွင် ကြော်ငြာ သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ သိရသည်။