The 2020 edition of the PropertyGuru Myanmar Property Awards will introduce new categories to its roster of Development accolades — Best Luxury Condo Development, Best Affordable Condo Development, and Best Affordable Housing Development.
New design categories in contention include Best Commercial Architectural Design and Best Commercial Interior Design. In celebration of Myanmar’s rich legacy of colonial architecture, the 2020 edition will open categories for Best Heritage Renovated Property and Best Heritage Renovated Property Design.
PropertyGuru Myanmar Property Awards has also partnered with Shwe Property, a local property website.
“The 2020 edition of the PropertyGuru Myanmar Property Awards creates a single benchmark of excellence for the real estate industry in the country as it combines Shwe Property’s expertise within the domestic real estate landscape and PropertyGuru’s incomparable access to international markets across Asia-Pacific,” Jules Kay, managing director of the PropertyGuru Asia Property Awards and Events, said.
The 6th PropertyGuru Myanmar Property Awards black-tie gala dinner and ceremony will be held as scheduled on Saturday, 23 October 2020 at the Sule Shangri-La Yangon hotel. The general public is still encouraged to submit their nominations online via siapropertyawards.com/nominations by August 21, 2020.
၂၀၂၀ ခုနှစ်၏ PropertyGuru Myanmar Property Awards ဆုချီးမြှင့်ပွဲတွင် ယခင်ကပေးခဲ့သော ဆောက်လုပ်မှုဆုအမျိုးအစားများအပြင် အကောင်းဆုံး အဆင့်မြင့်ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်အိမ်ရာဆောက်လုပ်မှုဆုတို့ကို ဆုအမျိုးအစားအသစ်များအဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇိုင်းဆုအမျိုးအစားသစ်များတွင် အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး ဗိသုကာဒီဇိုင်းဆု၊ အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး အတွင်းဒီဇိုင်းဆုတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်ကာလ ဗိသုကာလက်ရာ ကြွယ်ဝမှုကို ဂုဏ်ပြုသောအားဖြင့် ဤ ၂၀၂၀ ဆုပေးပွဲကြီးတွင် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းထားရာ အဆောက်အဦဆုနှင့် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းမှု ဒီဇိုင်းဆုတို့ကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။
ယခုနှစ် PropertyGuru Myanmar Property Awards ဆုပေးပွဲကို ပြည်တွင်းအိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Shwe Property နှင့် ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍတွင်း Shwe Property ရဲ့ ကျွမ်းကျင်မှု၊ PropertyGuru ရဲ့ အာရှပစိဖိတ်ဒေသတစ်လျှောက် နိုင်ငံတကာစျေးကွက်တွေအတွင်း သူမတူတဲ့ လက်လှမ်းမီမှု တွေကို ပေါင်းစပ်ဆောင်ရွက်နိုင်မှာဖြစ်တာကြောင့် ဒီ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် PropertyGuru Myanmar Property Awards ဆုတံဆိပ်တွေ ဟာ နိုင်ငံတွင်းက အိမ်ခြံမြေကဏ္ဍကြီးအတွက် စံထားလောက်ဖွယ်ကောင်းတဲ့ သာလွန်ကောင်းမွန်မှုကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်” PropertyGuru Asia Property Awards ဆုချီးမြှင့်ပွဲများဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Jules Kay ကပြောသည်။
ဆဋ္ဌမအကြိမ်မြောက် PropertyGuru Myanmar Property Awards ညစာစားပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက် (စနေနေ့)တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပရန် စီစဥ်ထားကြောင်းသိရသည်။ အများပြည်သူများအနေဖြင့်လည်း asiapropertyawards.com/nominations သို့ သွားရောက်ကာ အမြည်စာရင်း တင်သွင်းနိုင်မည်ဖြစ်သည်။