Home Business Prudential Myanmar Provides Free Additional Insurance Cover Against COVID-19

Prudential Myanmar Provides Free Additional Insurance Cover Against COVID-19

Prudential Myanmar တွင် အသက်အာမခံ၀န်ဆောင်မှု ရယူထားသူများအနေဖြင့် COVID 19 ဆိုင်ရာ အာမခံကို အခမဲ့ရရှိမည်

Prudential Myanmar တွင် အသက်အာမခံ၀န်ဆောင်မှု ရယူထားသူများအနေဖြင့် COVID-19 ရောဂါအတွက် အပိုဆောင်း အာမခံအကာအကွယ်ကို အခမဲ့ရရှိမည်ဖြစ်ကြောင်း Prudential Myanmar Life Insurance Limited သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ မတိုင်ခင်အထိ အသက်အာမခံ ထားရှိထားသည့် မည်သူမဆို COVID 19 ရောဂါအတွက် အပိုဆောင်းအာမခံကို ရရှိမည်ဖြစ်ပြီး COVID 19 အာမခံကာကွယ်မှု အစီစဉ်သည် အာမခံစတင် အသက်၀င်သည့်နေ့မှ ရက်ပေါင်း ၉၀အထိ အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။

COVID 19 ရောဂါကို ကူးစက်ခံရခြင်း၊ ကူးစက်ခံရမှုကြောင့် သေဆုံးသည့်အထိ ဖြစ်ပေါ်ပါက Prudential Myanmar မှ လျော်ကြေးပေးမည်ဖြစ်ပြီး ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုပါက အာမခံထားရှိငွေ၏ ၁၀%ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကာ သေဆုံးမှုအထိ ဖြစ်ပွားပါက အာမခံထားရှိငွေအပြင် ထပ်ဆောင်း ၁၀၀%ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်မှု တွေမှာ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ရဲ့ အာမခံဝန်ဆောင်မှု ရယူသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအတွက် စိတ်ချနိုင်အောင် ထိန်းသိမ်းကာကွယ်ပေးသွားဖို့ ဆက်ပြီး အလေးထားဆောင်ရွက် သွားမယ်ဆိုတာကို စိတ်ချထားစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခမဲ့ COVID-19 အာမခံအကာအကွယ်က အခုလို ကူးစက်ရောဂါကြီးကို အတူတကွ ရင်ဆိုင်တွန်းလှန်နေရတဲ့ အချိန်မှာ စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က ပြောသည်။

Prudential သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်းလိုင်စင်ကို ရရှိခဲ့သည်။


 

In light of the COVID-19 pandemic, Prudential Myanmar Life Insurance Limited (Prudential Myanmar), a wholly-owned business unit of Prudential Corporation Asia, announced on April 22 that it will provide its customers with free additional COVID-19 coverage to help protect them against the threat posed by the virus.

Under the COVID-19 Free Cover initiative, Prudential Myanmar will issue lump sum benefits to any of its life insurance customers who is unfortunately diagnosed with COVID-19 or passes away as a result of the disease.

All new and existing customers will automatically benefit from the following free additional insurance cover. The offer is applicable to all customers on boarded on or before 11 July. The insurance coverage is valid for 90 days.

If the Life Insured is diagnosed with COVID-19, Prudential Myanmar will pay a lump sum benefit of 10% of the policy sum assured, capped at MMK 500,000. If the Life Insured unfortunately passes away due to COVID-19, Prudential Myanmar will pay an extra 100% of the policy sum assured, capped at MMK 5,000,000.

“With the continued spread of COVID-19 across the world, Myanmar’s socio-economic development and the livelihoods of its people have been severely impacted. In light of the urgent need for health protection, we wish to assure our customers and their families that we remain committed to protecting their health and financial well-being. Our free-of-charge COVID-19 protection coverage is aimed at providing peace of mind as we battle the pandemic together,” Mr. Asit Rath, CEO of Prudential Myanmar, said.

In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

- Advertisment -

Must Read

Dai-ichi Ready to Deliver its “Peace of Mind” Propositions to Myanmar

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Dai-ichi Life Insurance Myanmar announced that it is ready to deliver its “Peace of Mind” propositions to the Myanmar community as it...