by Ei Thandar Tun
Prudential Myanmar Life Insurance Limited, a wholly-owned business unit of Prudential Corporation Asia, and Yoma Bank, one of Myanmar’s largest private banks, signed a memorandum of understanding on March 5 to establish an exclusive partnership to distribute life insurance solutions to local customers to help them meet their growing long-term protection needs.
Under the proposed partnership, it is envisaged that Yoma Bank’s customers will have access to Prudential Myanmar’s savings and protection products via the bank’s extensive branch network.
“Prudential Myanmar is now one step closer in our mission to provide life insurance to everyone, everywhere at a click. We look forward to a successful and symbiotic partnership,” Asit Rath, CEO of Prudential Myanmar, said.
“This event marks another step in Yoma Bank’s continued efforts to develop relevant financial services to people of Myanmar,” Yoma Bank CEO Dean Cleland said.
With Prudential Myanmar’s investments in cutting-edge technology and Yoma Bank’s nationwide reach and market expertise, the partnership has the potential to create a truly digital, inclusive financial ecosystem through which Prudential Myanmar’s suite of solutions will be distributed, according to an announcement of the partnership.
Prudential Myanmar will be offering simple and easy-to-understand protection and long-term savings products designed to help customers meet their financial goals, the announcement said.
In November 2019, Prudential was granted a license from the Ministry of Planning and Finance to operate a wholly-owned life insurance business in Myanmar.
Yoma Bank, established in 1993, is among the top five domestic banks in Myanmar with over 80 branches across 43 cities.
Myanmar Summary
Prudential Myanmar နှင့် ရိုးမဘဏ် တို့မှ အသက်အာမခံ ဝန်ဆောင်မှုအမျိုးမျိုး ပေးအပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး
ယူကေအခြေစိုက် အသက်အာမခံလုပ်ငန်းဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ရိုးမဘဏ် တို့သည် အသက်အာမခံ ဝန်ဆောင်မှုများလိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို မတ်လ ၅ရက်နေ့တွင် ရေးထိုးခဲ့ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ဘဏ်ခွဲများမှတဆင့် Prudential Myanmar ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည်ဖြစ်သည်။
“Prudential Myanmar ရဲ့ လူတိုင်း၊ လူတိုင်း ဘယ်နေရာကနေဖြစ်ဖြစ် click တစ်ချက်နှိပ်လိုက်တာနဲ့ အသက်အာမခံ ဝန်ဆောင်မှုရနိုင် ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ခြေလှမ်းတစ်လှမ်း နီးကပ်လာပါပြီ။ ရိုးမဘဏ်နဲ့အတူ အတွဲညီညီ လုပ်ကိုင်ဆောင်ရွက်ပြီး အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က ပြောသည်။
ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Prudential Myanmar ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံ အကာအကွယ်နှင့် ယုံကြည်စိတ်ချ ရသော ရှေရှည် အာမခံ စုဆောင်းငွေ အမျိုးအစားများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် Prudential Myanmar သည် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်း လိုင်စင်ကို ရရှိခဲ့ခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံက ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေး ဝန်ဆောင်မှုတွေကို အဆက်မပြတ် ဖန်တီးပေးအပ်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ ကျွန်တော်တို့ ရိုးမဘဏ်အတွက် ဒီ ပူးပေါင်းဆောင်ရွက်မှုက ခြေလှမ်းသစ်တစ်ခုပါပဲ ” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က ပြောသည်။
ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ မြို့ကြီး (၄၃) မြို့တွင် ဘဏ်ခွဲပေါင်း (၈၀) ကျော် ဖွင့်လှစ်ကာ ဝန်ဆောင်ပေးလျက်ရှိသည်။