PTTEP Myanmar Asset is installing 31 biogas generators across the Kanbauk area under its first waste-to-energy corporate social responsibility program.
Aimed at improving local residents’ quality of life, the program converts organic waste into biogas fuel and liquid fertilizer that can be used for cooking and farming.
Each generator can process 4.5 cubic meters of waste into biogas that can be continually used for about two to three days. The program is expected to improve waste management while reducing household expenditure on cooking gas, charcoal and wood, according to the company.
“Sustainable development is at the core of our business,” said Piya Sukhumpanumet, general manager of PTTEP Myanmar Asset. “The waste-to-energy program is a great initiative that demonstrates our commitment not only to business growth but also to social development and environmental stewardship.”
The program’s launch followed a pilot project conducted in October 2018 at Bawdi Mhan Aung Monastery in Kanbauk, where a biogas generator was installed as a trial.
“PTTEP’s existing CSR biogas projects in Thailand at Sinphuhorm and Suphanburi have proven effective in handling waste and improving access to energy. We are very excited to replicate the success in Kanbauk by transferring our learnings and technology to Myanmar today,” added the executive.
PTTEP Myanmar Asset is a subsidiary of Bangkok-based PTT Exploration and Production, a top-ten publicly listed company on the Stock Exchange of Thailand which operates exploration and production projects around the world.
PTTEP မြန်မာ မှ CSR စီမံကိန်းအဖြစ် စွန့်ပစ်အမှိှုက်မှ စွမ်းအင်ထုတ်မည့် ဇီဝဓာတ်ငွေ့သုံး မီးစက် ၃၁ လုံးကို ကန်ဘောက်ကျေးရွာတွင် တပ်ဆင်ပေးသွားမည်
PTTEP မြန်မာ မှ CSR စီမံကိန်းအဖြစ် စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်မည့် ဇီဝဓာတ်ငွေ့သုံး မီးစက် ၃၁ လုံးကို တနင်္သာရီတိုင်းဒေသကြီးရှိ ကန်ဘောက်ကျေးရွာတွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း PTTEP မြန်မာ က ထုတ်ပြန်ထားသည်။
ယခု စီမံကိန်းသည် PTTEP မြန်မာ မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၎င်း၏ ပထမဆုံးသော “စွန့်ပစ်အမှိုက်မှသည် စွမ်းအင်ဆီသို့” CSR စီမံကိန်း တစ်ခုဖြစ်သည်။ စီမံကိန်းသည် ဇီဝ အခြေခံ စွန့်ပစ်အမှိုက်များကို ဇီဝဓာတ်ငွေ့ လောင်စာဆီနှင့် ဓာတ်မြေသြဇာအရည်များအဖြစ် ပြောင်းလဲထုတ်လုပ်ပေးခြင်းဖြစ်ပြီး ချက်ပြုတ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့တွင် အသုံးပြုနိုင်မည် ဖြစ်သည်။
အဆိုပါ ဇီဝဓာတ်ငွေ့သုံး မီးစက်တစ်လုံးစီသည် စွန့်ပစ်အမှိုက် ၄ ဒသမ ၅ ကုဗမီတာကို နှစ်ရက်မှ သုံးရက်အတွင်း ဆက်တိုက် အသုံးခံသည့် ဇီဝဓာတ်ငွေ့အဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်ရှိသည့်အတွက် အဆိုပါ CSR စီမံကိန်း သည် အမှိုက်စွန့်ပစ်မှှုအတွက် ကောင်းစွာ စီမံခန့်ခွဲမှုဖြစ်သကဲ့သို့ ချက်ပြုတ်ရန် ဓာတ်ငွေ့ ၊ မီးသွေး ၊ ထင်း စသည်တို့အတွက် ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
“ရေရှည်ထိန်းသိမ်းထားတဲ့ တိုးတက်ဖွံ့ဖြိုးမှှုဆိုတာက ကျွန်တော်တို့လုပ်ငန်းရဲ့ အဓိက အချက်ပါ။ ဒီစီမံကိန်းက ကျွန်တော်တို့ လုပ်ငန်း ကြီးပွားတိုးတက်မှှုအတွက် သာမက လူမှှုဝန်းကျင် တိုးတက်မှှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှှုအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို လက်တွေ့ အကောင်အထည်ဖေါ်ပြတဲ့ ပမာဏ ခြေလှမ်းပါပဲ” ဟု PTTEP မြန်မာ အထွေထွေ မန်နေဂျာဖြစ်သူ Mr. Piya Sukhumpanumet က ပြောသည်။
ထို့ပြင် တောင်သူလယ်သမားများအတွက် သီးနှံအထွက်နှှုန်းတိုးစေမည့် ဇီဝဓာတ်ငွေ့မြေသြဇာ ရည်ကိုလည်း ထုတ်လုပ်ပေးမည်ဖြစ်ပြီး ရှေ့ပြေးစီမံကိန်းအဖြစ်၂၀၁၈ ခုနှစ် အောက်တိုဘာမှ စတင်ကာ ကန်ဘောက်ရှိ ဗောဓိမာရ်အောင် ဘုန်းကြီးကျောင်းတွင် ဇီဝဓာတ်ငွေ့သုံး မီးစက်တစ်လုံးကို စမ်းသပ် တပ်ဆင်ခဲ့သည်။