Home Business Real Estate Market Cools Due to the COVID-19

Real Estate Market Cools Due to the COVID-19

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Yangon Real Estate Market is inactive due to the COVID-19 with some owners offering their property at a lower price.

“As the COVID-19 cases are increasing, people who have purchased the properties are now offering theirs at a lower price. However, there are only offers and very few transactions,” a realtor in Shwe Pyi Thar Township said.

Before the second wave of the pandemic in Myanmar, there were transactions, buying, or leasing. However, the market started seeing reduced demand starting from early August. 

“Now, quarters are under lockdown and it is very difficult to move to a new place. And quarter administers do not let strangers enter their community. Thus, the rental market almost stops,” a female real estate agent from Thingangyun Township said. 

Local businesses suffer a severe blow by the impact of the COVID-19 and the demand for the properties is also reduced. However, the property prices show no significant price drops despite lower demand.

“We hope things will get back to normal after the pandemic. However, it would not be very easy since people have no cash in hand,” a realtor from North Dagon Township said. 

Written by Ko Myo


ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်သည် အေးစက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

“ကိုဗစ်ဖြစ်နေတော့ ဝယ်ထားတဲ့ မြေကွက်တွေ တိုက်ခန်းတွေကို ငွေပေါ်လျှော့စျေးနဲ့ ပြန်ထုတ်နေကြတယ်။ အရောင်းသာရှိတယ်။ အဝယ်မလိုက်ဖြစ်နေတယ်”ဟု ရွှေပြည်သာမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။ 

ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်သည် ကိုဗစ် ဒုတိယလှိုင်း မကျမီအချိန်က အရောင်း/အငှါး အနည်းငယ် ရှိခဲ့သော်လည်း သြဂုတ်လဆန်းပိုင်းမှစတင်ကာ သိသိသာသာ ကျဆင်းမှုများ ဖြစ်ပေါ်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့ထံမှသိရသည်။ 

“အခု ရပ်ကွက်တွေကို ပိတ်ထားတယ်။ တစ်နေရာနဲ့ တစ်နေရာ အပြောင်းအရွှေ့အတွက် မလွယ်ဘူး။ ရပ်ကွက်ထဲ လူစိမ်းပေးမဝင်ဘူး။ နယ်ကျော်တွေကန့်သတ်ထားတော့ အိမ်အငှါးစျေးကွက် မရှိသလောက်ဖြစ်နေပါတယ်။”ဟု သင်္ဃန်းကျွန်းမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ရပြီးနောက် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများအပေါ် ဆုံးရှုံးနစ်နာစေသည့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ သည်။ သို့သော်လည်း အိမ်ခြံမြေစျေးကွက်သည် စျေးနှုန်းသိသာစွာ ကျဆင်းခြင်း မရှိဘဲ အရောင်းအဝယ်များ အေးစက်နေကြောင်း သိရသည်။ 

“ကိုဗစ်ပြီးရင်တော့ ပြန်ကောင်းလာမယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း လူတွေလက်ထဲ ငွေကမရှိတော့ ထင်သလောက် လွယ်မယ်မထင်ဘူး”ဟု မြောက်ဒဂုံမှ အကျိုးဆောင်တစ်ဦးက ပြောသည်။

- Advertisment -

Must Read

Yangon’s New City Project receives 16 proposals from nine countries

New Yangon City Development Project has received 16 Expressions of Interests (EOI) submitted by companies and consortiums from nine countries in the Swiss Challenge...