HomeBusinessReal Estate Market Sees Very Few Buyers

Real Estate Market Sees Very Few Buyers

Yangon Real Estate Market is sluggish with more selling offers in contrast to very few buyers during the COVID-19 pandemic, according to real estate agents.

“People have less cash in their hands and started selling their properties. But there are very few buyers and even fewer transactions,” a real estate agent in Thingangyun Township said. 

In the Yangon Real Estate market, there are a few selling offers for K10-15 million highrise apartments but the market is still inactive. 

“Landlords leased apartments with around K120,000 per month. Before, they leased the apartment under a three or six-month contract. But starting in August, tenants cannot afford such contracts. Thus, they started offering monthly payments. This time is troublesome for both landlords and tenants,” a landlord said. 

Political changes and post-election can result in better situations for the real estate market, which can slowly pick up but it is hard to estimate due to the COVID-19. 

Written by Ko Myo


ကိုဗစ်ကာလတွင်ရန်ကုန်မြို့၏အိမ်ခြံမြေစျေးကွက်သည် အရောင်းများပြီး အဝယ်အေးနေ ကြောင်း အကျိုးဆောင်များထံမှသိရသည်။

“လက်ထဲမှာ ငွေရှားလာတော့လူတွေတော်တော် များများမြေတွေတိုက်ခန်းတွေထုတ်ရောင်းလာကြတယ်။ဒါပေမယ့် ဝယ်လက်ရှားပြီး အရောင်း အဝယ် အေးနေတယ်။ ပွဲဖြစ်တာနည်းတယ်”ဟု သင်္ဃန်းကျွန်း မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကဆိုသည်။

အိမ်ခြံမြေစျေးကွက်တွင် လက်ရှိအချိန်၌ ကျပ် သိန်း ၁၀၀မှ သိန်း ၁၅၀ ဝန်းကျင်ရှိသော အထပ်မြင့် အခန်းများ စျေးကွက်တင်ရောင်းချမှု အချို့ ရှိလာသော်လည်း အရောင်းအဝယ်မှာ အေးစက်နေကြောင်း သိရသည်။

“တိုက်ခန်းကို တစ်လ တစ်သိန်းနှစ်သောင်း လောက်နဲ့ လူငှါးတင်ထားတယ်။ အစပိုင်းက တော့ အိမ်လခကို ၃လ ၆လ စသဖြင့် ချုပ်ကြ တယ်။ ကိုဗစ်ကာလ သြဂုတ်လလောက်မှာ လပြတ်တွေ မငှါးနိုင်ကြတော့ဘူး။ လချင်းပေး တွေနဲ့ ငှါးလာကြတယ်။ အခုကာလက အိမ်ရှင် တွေ အိမ်ငှါးတွေ အကုန်ဒုက္ခဖြစ်နေကြတယ်”ဟု စံပြရပ်ကွက်မှ အိမ်ခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်သည် နိုင်ငံရေး အပြောင်းအလဲနှင့် ရွေးကောက်ပွဲအလွန်ကာလ များတွင် အကောင်းဘက်သို့ ဦးတည်လာနိုင် သော်လည်း ကိုဗစ်ကပ်ရောဂါ အခြေအနေများ ကြောင့် ခန့်မှန်းရန် မလွယ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တို့က ဆိုကြသည်။

လက်ရှိအချိန်ကာလတွင် စျေးကွက်အတွင်း၌ တန်ဖိုးနည်းပါးသော ကျပ် သိန်း ၁၀၀ ဝန်းကျင်ရှိ ဆင်ခြေဖုန်းရပ်ကွက်မြို့နယ်များမှ တိုက်ခန်းများ အရောင်းအဝယ် အနည်ငယ်ရှိကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img