HomeBusinessRegistration for QR Pass Stops

Registration for QR Pass Stops

The Union of Myanmar Federation of Chambers of Commerce and Industry announced that registering for QR Pass, aimed to provide easier transportation during the stay-at-home period, is now stopped on October 12. 

The UMFCCI launched the QR Pass on the morning of September 25, which allows employees of the businesses, officially allowed to run during the Stay-at-Home period, to register online and serves as a document when commuting cross-townships. The QR Pass was also for payroll processing in Yangon during the stay-at-home period so that the businesses, who are not allowed to operate during the stay-at-home period, can complete the payroll process.

However, under the order of the Ministry of Health and Sports issued on October 10, CMP factories, workshops, and SMEs will be allowed to resume the operations if they get an A-rating for COVID-19 prevention preparedness starting from October 12. As a result, QR pass will not be required for the businesses, which are not in the category of officially allowed to run during the stay-at-home period, since they can restart the operation if they meet the requirements. 

However, those, who hold QR pass, can use it when commuting cross-township and the regional government will launch a system for transportation documents for all the businesses.

Written by Ko Myo


ရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုဖြင့် Stay at Home ကာလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ မြို့နယ် ဖြတ်ကျော်ရာတွင် အထောက်အထား အဖြစ် ပြနိုင်မည့် QR Pass အစီအစဉ်ကို အောက်တိုဘာလ ၁၂ရက်နေ့တွင် ရပ်ဆိုင်းကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုဖြင့်  QR Pass အစီအစဉ်ကို စက်တင်ဘာလ (၂၅) ရက် နေ့ နံနက်တွင် စတင်ခဲ့ပြီး  ခွင့်ပြုထားသော လုပ်ငန်းများနှင့် အကျုံးဝင်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ အလုပ် သမား များ လုပ်ခလစာ ပေးနိုင်ရေးအတွက် လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင် ဆောင် ရွက်နိုင်ရန် Payroll Processing QR Pass အစီအစဉ်ကို အောက်တိုဘာလ (၄)ရက်နေ့၌ ထပ်မံ၍ ဝန်ဆောင်မှုပေးခဲ့ကြောင်းသိရသည်။

သို့သော် အောက်တိုဘာလ ၁၀ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  အမိန့် ထုတ်ပြန်ချက်အရ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်ကြမ်းယူ၊ကုန်ချောပေးဆောင်ရွက် သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စား လုပ်ငန်း များကို အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ပြန်လည်လည်ပတ်ခွင့်ပြုလိုက်သောကြောင့် 

ယခင်က ခွင့်မပြုထားသော လုပ်ငန်းအများစု သည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လည်ပတ်ခွင့်ရရှိတော့မည်ဖြစ်သဖြင့် QR Pass စနစ်တွင် လုပ်ငန်းများ အသစ်ထပ်မံ မှတ်ပုံတင် ခြင်းကို  ရပ်ဆိုင်းခြင်းဖြစ်ကြောင်းသိရသည်။

သို့သော်လည်းQR Passလက်ဝယ်ရှိထားပြီး သူများ အနေဖြင့် မြို့နယ်ဖြတ်ကျော်သွားလာရာ တွင်ဆက်လက်အသုံးပြုနိုင်ကြောင်းနှင့် တိုင်းအစိုးရအနေဖြင့် Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်ရရှိသည့်စက်ရုံ၊အလုပ်ရုံများ၊ကုမ္ပဏီများ၊လုပ်ငန်းများ အားလုံးအတွက် အကျုံးဝင် သော လုပ်ငန်းခွင်သွားလာရာတွင် အသုံးပြု နိုင်မည့် စနစ်တစ်ရပ်ကို မကြာမီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img