HomeBusiness၀န်ကြီးဌာနများ ရရှိထားသည့် ဘတ်ဂျက်များအနက်မှ ကျပ်သိန်း ၂၀၀၀စီကို COVID 19 ရန်ပုံငွေအဖြစ် ပေးသွင်းရမည်

၀န်ကြီးဌာနများ ရရှိထားသည့် ဘတ်ဂျက်များအနက်မှ ကျပ်သိန်း ၂၀၀၀စီကို COVID 19 ရန်ပုံငွေအဖြစ် ပေးသွင်းရမည်

၀န်ကြီးဌာနများ အားလုံးကို ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် အစိုးရမှ နှစ်စဉ် ဘတ်ဂျက်ငွေများ ချထားပေးလျက်ရှိပြီး အဆိုပါ ရရှိထားသည့် ဘတ်ဂျက်များအနက်မှ ကျပ်သိန်း ၂၀၀၀စီကို COVID 19 ရန်ပုံငွေအဖြစ် ပြန်လည်ပေးသွင်းရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြုသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြန်လည်ပေးသွင်းရမည့် ဘတ်ဂျက်များအတွက် အတည်ပြုမှုကို မေလ ၁၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ် ၀န်ကြီးဌာနတိုင်းကနေ ကျပ်သိန်း ၂၀၀၀စီ ပြန်ပေးသွင်းခိုင်းထားတယ်။ ၀န်ကြီးဌာနတွေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို လျော့ပြီး COVID 19 Fundအတွက် ဘတ်ဂျက် ထပ်တိုးဖို့ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အမြန်ဆုံးရရှိစေရန်နှင့် လိုအပ်သည့် အရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နေလျက်ရှိသည်။

ထို့ပြင် COVID 19 ရောဂါ ကျော်လွန်ပြီးပါက အနာဂတ်တွင် တိုင်းပြည်၏ စီးပွားရေး ပြန်လည်ထူထောင်နိုင်ရန်အတွက် COVID 19 Economic Relief Plan ကို ရေးဆွဲထားပြီးဖြစ်ကာ ယင်းအစီစဉ်တွင် အခြေခံလူတန်းစားများကို ထောက်ပံ့ပေးမည့် အစီစဉ်များ ပါဝင်သည့်အပြင် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အသုံးပြုရမည့် ဘတ်ဂျက် အသေးစိတ်များ ပါ၀င်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img