Home Business Retail Sales Slashed by 80 percent Due to the COVID-19

Retail Sales Slashed by 80 percent Due to the COVID-19

အောက်တွင် မြန်မာလိုဖတ်ရှုနိုင်ပါသည်

Written by Tayzar Bhone Myint

Myanmar allowed its citizens to go out and buy essential commodities during the period considered the peak of the local transmission. However, people tried to avoid going out and spent less, resulting in an 80 percent retail sales drop compared to last year, according to Daw Win Win Tint, Managing Director of City Mart Holdings.

The opportunities brought by the difficulties during the COVID-19 were that sellers and traders started to use the online platform and wholesale and retail shops also use the online platform to do business paving the way for stronger e-commerce,” she added in a live discussion with Daw Aung San Suu Kyi on June 23.

Demands gradually dropped below normal trend in the previous year, and May and June, for example, saw a 20 percent decline compared to the same period last year.

There are over 300,000 retail shops and mostly are conventional ones, without any proper bookkeeping, which hold almost 90 percent of the market share.

When the Ministry of Health and Sport reported the first few confirmed cases in late March, people stormed into local stores and shopping more to panic-buy. To make the matters worse, that time coincided with Thingyan Festival, long public holidays, when people usually stock commodities for the holidays, the City Mart Managing Director said.

City Mart Holding, founded in 1996, holds the largest market share in the domestics retail market and runs City Mart Supermarkets, Ocean Supercenters, marketplace by City Mart, City Baby Clubs City Care, City Books & Music, Seasons Bakery, City Expres, and City Mall Online.

Daw Aung San Suu Kyi promised that the government will take responsibility to assure food security and urged people not to worry about food security and do panic-buying.

The COVID-19 pandemic caused a widespread impact. Restaurants, for instance, saw a 53 percent drop in revenue in the first five months of this year compared to the same period last year. The first five months of 2019 generated $125.493 million while this year generated $58.545 million so far, according to the report published by the Ministry of Hotels and Tourism.

Translated by Min Thu Aung


COVID -19 ကာလတွင်း ဈေးဝယ်သူများအနေဖြင့် ပြင်ပတွင် ထွက် ဝယ်နိုင်သော်လည်း မြန်မာနိုင်ငံရှိလက်လီဆိုင်များမှာ အခက်အခဲရှိနေပြီး ယခင်နှစ်များထက် ရောင်းအား ၈၀ ရာခိုင်နှုန်းကျဆင်းလျက်ရှိကြောင်း ကုန်သွယ်ရေးကဏ္ဍအပေါ် COVID-19 ၏ သက်ရောက်မှုနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်တွင် City Mart Managing Director ဒေါ်ဝင်းဝင်းတင့် က ပြောသည်။

“COVID -19 ကာလမှာ အခက်အခဲကြားက ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကတော့ ကူးသန်းရောင်း၀ယ်သူတွေဟာ Online ပေါ်မှာ ပိုမိုဆောင်ရွက်လာပြီးတော့ လက်ကားအရောင်းဆိုင်တွေမှာလည်း Facebook နဲ့ Online ပေါ် ပိုမိုအလေးထား ရောင်းချလာတာ တွေ့ရပါတယ်” ဟု ၎င်းပြောသည်။

မေလနှင့်ဇွန်လတို့တွင် ဝယ်လိုအားသည် ပုံမှန်ထက်တဖြည်းဖြည်းကျဆင်းလာပြီး အရောင်းဆိုင်များတွင် ရောင်းအားသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းကျဆင်းလာကြောင်းလည်း ၄င်းကပြောသည်။

တစ်နိုင်ငံလုံးတွင် လက်လီဆိုင်ပေါင်း သုံးသိန်းကျော်လေးသိန်းခန့်ရှိပြီး အများစု မိရိုးဖလာပုံစံ လုပ်ကိုင်လျက်ရှိ ကာယင်းဆိုင်များတွင်စျေးကွက်ဝယ်လိုအား ကိုးဆယ်ရာခိုင်နှုန်းရှိကြောင်း ဒေါ်ဝင်းဝင်းတင့်ကပြောသည်။

မြန်မာနိုင်ငံတွင် COVID- 19 စတင်ရောက်ရှိလာချိန်တွင် ပြည်သူအများစု စားသောက်ကုန် များ အလန့်တကြား ဝယ်ယူခဲ့ကြပြီး ထိုကာလသည် သင်္ကြန်တွင်း ရိက္ခာစုဆောင်းမှုနှင့် တိုက်ဆိုင်ခြင်းကြောင့် ပိုမိုဆိုးရွားခဲ့ရသည်ဟု ဒေါ်ဝင်းဝင်း တင့်က ပြောသည်။

City Mart Holding ကို ၁၉၉၆ ခုနှစ်ကတည်ထောင်ခဲ့ပြီး မြန်မာနိုင်င့တွင်စျေးကွက်ချယ်ရာအများဆုံးရရှိထားကာ City Mart Supermarkets, Ocean Supercenters, marketplace by City Mart, City Baby Clubs
City Care, City Books & Music, Seasons Bakery, City Expres နှင့် City Mall Online, စသဖြင့် လုပ်ကိုင်လျက်ရှိသည်။

COVID -19 ဖြစ်ပြီး မြန်မာနိုင်ငံတွင် စိုးရိမ်မှုများကြောင့် ရိက္ခာစုဆောင်းမှု များပြုလုပ်ခဲ့ပြီး နောက်ပိုင်း၌ ပြည်သူများသဘောပေါက်သွားကြောင်း၊ စိုးရိမ်ပြီးရိက္ခာစုဆောင်းမည် ဝယ်နိုင်သလောက်ဝယ်ထားမည်ဆိုသော စိတ်ဓာတ်ကိုပြည်သူများမထားစေလိုကြောင်း မည်သို့ပင်ဖြစ်စေ နိုင်ငံတော်မှတာဝန်ယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

COVID-19 ကာလတွင် စားသောက်ဆိုင်လုပ်ငန်းများတွင် ၂၀၁၉ခုနှစ်၊ (ဇန်နဝါရီလ မှ မေလ အထိ)အမေရိကန် ေဒါ်လာ ၁၂၅.၄၉၃ သန်းနှင့်၂၀၂၀ပည့်ခုနှစ်၊(ဇန်နဝါရီလ မှ မေလ အထိ) ဝင်ငွေရရှိမှုမှာအမေရိကန် ေဒါ်လာ ၅၈.၅၄၅ သန်းသာရှိသဖြင့် ၅၃% အထိ ကျဆင်းသွားခဲ့သည်ဟုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

- Advertisment -

Must Read

TrueMoney Myanmar provideျ health insurance coverage for its agents

TrueMoney Myanmar has provided a total value of 3.2 Billion MMK health insurance coverage to their long-serviced agents and their territory distributors and introduced...