Myanmar Retailers Association will organize the first-ever Myanmar Retail Summit & Expo during February 7-8 at Fortune Plaza in Thaketa Township.
Retailers will showcase consumer products, food, beverage, children’s products, fashion, household items, cosmetics, IT products and medicines from famous suppliers.
Another highlight of the event is “Unleashing the Retail Potential,” a seminar on the opportunities and challenges in the industry, Asian and global retail markets and the impact of technological advancements. Speakers include Daw Win Win Tint from City Mart Holding, local economist Dr. Aung Tun Thet and executives from 7-Eleven convenience stores, the operator of Bangkok shopping malls Paragon and Emporium, Indonesia’s Matahari Department Store and Philippines-based Wilcon Home Depot.
Entrance tickets are available at City Mart Supermarket and Ocean Supermarket for K30,000 until February 3, and K50,000 after that date, according to Daw Tin Su Hlaing, the association’s general secretary.
AYA Bank and Phatima Group serve as the event’s main sponsors; other supporters include Global Sky, New World Trading, Pro 1 Global Home, Rannai Kitchen Appliances, Hearty Heart Cosmetic, Bella Cosmetic, Kudos Training Center, Premium Gold Birds Nest and Royal-D.
Founded in 2013, Myanmar Retailers Association is a member of the Federation of Asia Pacific Retailer Associations.
Myanmar Summary
ပထမဆုံးလက်လီရောင်းချခြင်းဆိုင်ရာကုန်စည်ပြပွဲကို Myanmar Retail Summit & Expo 2020 ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(MMRA)မှ ကြီးမှူး၍ သာကေတမြို့နယ်ရှိ Fortune Plaza တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခု ကုန်စည်ပြပွဲတွင် လက်လီရောင်းချသူများမှ ကုန်ပစ္စည်းများဖြန့်ချိသည့် နာမည်ကျော် Supplier အသီးသီးမှ လူသုံးကုန်၊ စားသောက်ကုန်၊ အဖျော်ယမကာ၊ ကလေးပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အလှအပရေးရာပစ္စည်းများ၊ အိုင်တီနည်းပညာပစ္စည်းများနှင့် ဆေးဝါးများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ကုန်ပစ္စည်းများပြသမည့်အပြင် Unleashing The Retail Potential ခေါင်းစဉ်ဖြင့် လက်လီလုပ်ငန်းများ၏ အနာဂါတ်အလားအလာများ၊စိန်ခေါ်မှုများ၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများ၏ လက်လီလုပ်ငန်းများအပေါ် သက်ရောက်မှုများ၊ အာရှလက်လီဈေးကွက်၊ ကမ္ဘာလက်လီဈေးကွက်အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြပွဲတွင် ကမ္ဘာ့အထင်ရှားဆုံးလက်လီလုပ်ငန်း 7Eleven Convenience Store ၊ ထိုင်းနိုင်ငံမှ နာမည်ကြီး ကုန်တိုက်များဖြစ်သည့် Paragon နှင့် Emporium၊အင်ဒိုနီးရှားနိုင်ငံမှ Matahari Deparment Store နှင့် ဖိလစ်ပိုင်နိုင်ငံမှ Wilcon Home Depot လုပ်ငန်းများမှ အုပ်ချုပ်သူများနှင့် ပြည်တွင်းကုမ္ပဏီဖြစ်သည့် City Mart Holding မှ ဒေါ်ဝင်းဝင်းတင့်နှင့် မြန်မာစီးပွားရေးကျွမ်းကျင်သူ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်အပါအဝင် ထိပ်သီးပညာရှင်များမှ ဟောပြောပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲကို လက်လီလုပ်ငန်းရှင်များကို လာရောက်စေလိုပြီး ပြပွဲအားအခမဲ့ ဝင်ရောက်နိုင်မည်ဖြစ်ကာ ဟောပြောပွဲတွင် နားထောင်လိုပါက နှစ်ရက်စာအတွက် ကျပ် သုံးသောင်းကျသင့်မည်ဖြစ်ကြောင်း MMRA အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင်က ပြောသည်။
အဆိုပါ ဟောပြောပွဲလက်မှတ်များကို City Mart Supermarket ၊Ocean Super Marketများ၏ Counter များတွင် ဖေဖော်ဝါရီ ၃ ရက်နောက်ဆုံးထားဝယ်ယူနိုင်ကြောင်း သိရသည်။ လက်မှတ်ကို နောက်ဆုံးနေ့တွင် မဝယ်ယူဖြစ်သူများသည် ပြပွဲနေ့တွင်လည်း ကျပ် ငါးသောင်းဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
ပြပွဲကို AYA Bank နှင့် Phatima Group တို့မှ အဓိကပံ့ပိုးပေးပြီး Global Sky၊ New World Trading၊ Pro 1 Global home၊ Rannai Kitchen appliances ၊Hearty Heart Cosmetic၊ Bella Cosmetic၊ Kudos Training Center ၊Premium Gold Birds Nest နှင့် Royal-D တို့မှ ပံံ့ပိုးပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲစည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် Federation of Asia Pacific Retailer Associations ၏ အဖွဲ့ဝင်အသင်းဖြစ်လာသည်။