အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
The Ministry of Commerce has suspended the requirement under which rice exporters need to sell 10 percent of the total volume of rice bounded for export to government.
As of the first week of June, the government has purchased over 50,000 tons of rice from 123 rice export companies as it is trying to secure food security for domestic consumption during the COVID-19 pandemic.
Before that, the government has also extended the lifespan of rice export license from 45 days to 60 days.
Myanmar has exported over 2.1 million tons of rice, whole grain and broken, as of July 3 since the begining of the 2019-20 fiscal year.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ညွန်ကြားချက်အရ ၂၀၂၀ ပြည့်နှစ်သြဂုတ်လ ၁ ရက်နေ့မှ စ၍ Exporter များထံမှ ပို့ကုန်လိုင်စင် အရေးပေါ် ရိက္ခာဆန်ပေးသွင်းမှုကို ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကကြေညာသည်။
အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များကိုဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းလျက် ဧပြီ ၃၀ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဇွန်လပထမအပတ်အထိ ပြည်ပတင်ပို့မည့်ကုမ္ပဏီ ၁၂၃ မှ တန်ချိန်ငါးသောင်းကျော်ဝယ်ယူထားသည်။
မြန်မာနိုင်ငံသည် ပြည်ပ ဆန်တင်ပို့မှု တန်ချိန် ကန့်သတ်ခြင်း အပါအဝင် အစိုးရက အရန်ဆန် ဝယ်ယူမည့် ပမာဏနှင့် လိုင်စင် သက်တမ်းကို ယခင် ၄၅ ရက် မှ ရက်ပေါင်း ၆၀ အထိ ခွင့်ပြုပေးထား သည်။
၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုက တန်ချိန် နှစ် သန်းတစ်သိန်းကျော် တင်ပို့ထားသည်။