HomeBusinessRice wholesale markets to reopen

Rice wholesale markets to reopen

နွေစပါးဈေးကျဆင်းခြင်းမရှိစေရန် ဧပြီ ၂၇ ရက်မှ စတင်၍ ဆန်စပါးကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်မည်

Covid-19 ကြောင့် ပိတ်ထားသည့် ဆန်ကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်မှ ပြန်လည်ဖွင့်လှစ်မည့်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

ယင်းသို့ ဖွင့်လှစ်ရာတွင် ဆန်စပါးကုန်စည်ဒိုင်သို့ လာရောက်မည့် ဆန်ကုန်သည်များသည့် နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲအထိ ဆန်အရောင်းအဝယ်ပြုလုပ်နိုင်ပြီး ကုန်စည်ဒိုင်အတွင်းသို့ ဝင်ရောက်မည်ဆိုပါက Mask မဖြစ်မနေတပ်ဆင်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

ဧပြီလကုန်နှင့် မေလအတွင်းတွင် နွေစပါးရိတ်သိမ်းသည့် ကာလဖြစ်သောကြောင့် နွေစပါးဈေးနှုန်းများကျဆင်းခြင်းမရှိစေရန်နှင့် တောင်သူများနစ်နာခြင်းများမရှိစေရန် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

ရောင်းချမည့်သူများအနေဖြင့်လည်း ဆန်နမူနာထုပ်များသာ ယူဆောင်လာရန်နှင့် ဆန်နမူနာများပြသခြင်းကိုလည်း လက်အိတ်များစွပ်၍ ပြသရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားသည့် အကွာအဝေးတွင်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းသို့ ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရန် ကုန်စည်ဒိုင်အတွင်း ပိုးသတ်ဆေးဖြန်းခြင်း၊ ကြိုတင်ကာကွယ်ရေးအစီအစဉ်များဆောင်ရွတ်ခြင်း၊ကုန်စည်ဒိုင်အတွင်း ရောင်းသူနှင့် ဝယ်သူ အချင်းချင်းတစ်ဦးနှင့် တစ်ဦးနီးကပ်စွာမရှိစေရန် အကာအကွယ်များကို ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုပြင် ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရန်အတွက် လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စားလှယ်များ၏ လာရောက်စစ်ဆေးမှုကို ခံယူပြီးဖြစ်ကြောင်း သိရသည်။

ဆန်စပါးကုန်စည်ဒိုင်ကို ဧပြီ ၉ရက်မှစတင်၍ ပိတ်ထားခဲ့ကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img