အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Samanea Yangon Market, located at the corner of Bago River Road and Yadanar Road in Dagon Seikkan Township, is planned to launch in November this year after the test opening in August as the construction process of the market is now complete.
The wholesale market is jointly developed by Singapore based Samanea Group and Yangon-based EI Company Limited
The developer has invited interested businesses who want to rent a shop space at the market offering special discounts between July 23 and August 8.
The shop space at the market with 50,000 square meters parking lot, which can accommodate up to over 1,000 cars, starts from 30 square meters arranged based on the type of goods ranging from construction materials, garment and textile, to electronic products.
The construction of the wholesale market with 720 shops started in 2019.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
စမားနီးယား ရန်ကုန် လက်ကားဈေးသစ်ကြီးကို စင်ကာပူ နိုင်ငံအခြေစိုက် Samanea Group နှင့် မြန်မာနိုင်ငံအခြေစိုက် EI ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းနှင့် ရတနာလမ်း ထောင့်ရှိ နိုင်ငံတကာအဆင့်မီ စမားနီးယား ရန်ကုန် (Samanea Yangon) အဆင့်မြင့်လက်ကားဈေးကြီးသည် ဆောက်လုပ်ရေးပိုင်းပြီးစီးပြီဖြစ်ကာ ယခုနှစ် နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လတွင်စမ်းသပ်ဖွင့်လှစ်မည့် ဖြစ်ကြောင်းလည်းသိရသည်။
Samanea Yangon Market ၏တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပြီး မကြာမီဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ဆိုင်ခန်းငှားရမ်းပြီး စီးပွားရေးလုပ်ကိုင်မည့်လုပ်ငန်းရှင်အများအား (၂၃-၇-၂၀၂၀မှ ၈-၈-၂၀၂၀ထိ) ကာလအား အထူးသက်သာခွင့်ပေးမည်ဖြစ်သောကြောင့် အမြန်လာရောက်စုံစမ်းနိုင်ပါရန်ဖိတ်ခေါ်ထားသည်။
Samanea Yangon Market က Sqm 50,000ကျယ်ဝန်း ကားအစီးရေ တစ်ထောင်ကျော်ရပ်နားနိုသောပါကင်ပါရှိသည်။ စျေးထဲတွင်ရောင်းမည့် ကုန်ပစ္စည်းများကိုလည်း အမျိုးအစားအလိုက်စနစ်တကျ သတ်မှတ်ထားကာဆိုင်ခန်းများသည် Sqm 30ခန့်အကျယ်ကမှစတင်ကြောင်းသိရသည်။
ယင်းစျေးကို ၂၀၁၉ ခုနှစ်အတွင်း စတင်တည် ဆောက်ခဲ့ပြီးအကျယ်အဝန်းအားဖြင့် စတုရန်းမီတာ တစ်သိန်း ကျယ်ဝန်းသည့် ဈေးသစ်ကြီး တွင် ဆိုင်ခန်းပေါင်း ၇၂၀ အထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ကားဈေးအတွင်းတွင် အကျယ် ၁၀ ပေ၊ ပေ ၂၀၊ ပေ ၃၀ အစရှိသော လျှောက်လမ်းများပါဝင်ပြီး လေအေးစက်များ တပ်ဆင်ထားကြောင်း၊ ဈေးဆိုင်ခန်းများအားလုံးကို အငှားစနစ်ဖြင့်သာ ငှားရမ်းမည်ဖြစ်ကြောင်း၊ ရောင်းချမည့် ကုန်ပစ္စည်းများအနေဖြင့် ဆောက်လုပ် ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒစ်ဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများ စသဖြင့်ကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းချမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။