Bangkok-based Siam Commercial Bank (SCB) recently joined forces with the Directorate of Supervision and Inspection (DISI) under the Ministry of Planning and Finance to hold a training event for Myanmar SMEs seeking to export to Thailand.
Named the “Practical Guide to Export Myanmar Products to Thailand,” the intensive course covered all aspects of how to successfully export products to Thailand, including import/export laws and regulations, trademark registration, conventional and digital marketing, distribution channels and packaging. Participants also learned about the Thai economic outlook and latest consumer behaviors.
Featuring the participation of successful businessmen, economic gurus and international business specialists from Thailand and Myanmar, the event was attended by more than 100 Myanmar executives from 60 companies from diverse sectors including food and beverages, apparel and cosmetics.
The training will be followed by business matching activities with Thai distributors in Thailand. An expo will also be held in Thailand to give Myanmar products more exposure among Thai shoppers.
Myanmar Summary
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DISI) နှင့် ပူးပေါင်း၍ Siam Commercial Bank (SCB)က အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံသို့ မြန်မာ့ထွက်ကုန်များကိုတင်ပို့ရန် လက်တွေ့လမ်းညွှန်မှုများပါသည့် သင်တန်းတစ်ခုကိုဖော်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းများအတွက် အကြံပြုချက်များ၊ ထိုင်းနိုင်ငံတွင် ဈေးကွက်အခွင့်အလမ်းတိုးချဲ့ရန် မြန်မာရှိကုန်ပစ္စည်းအမှတ် တံဆိပ်မှတ်ပုံတင်ခြင်း၊ သမားရိုးကျနှင့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်းလမ်းကြောင်းများနှင့် ထုပ်ပိုးခြင်းများအပါအဝင် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့မည်သို့အောင်မြင်စွာတင်ပို့ရန် စသဖြင့် အခန်းကဏ္ဍများစွာပါဝင်သည့် လေ့ကျင့်မှုသင်တန်းတစ်ခုလည်းဖြစ်သည်။
ပါဝင်သူများသည် ထိုင်းနိုင်ငံ၏စီးပွားရေးအလားအလာနှင့် လက်ရှိစားသုံးသူများ၏ အပြုအမူများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ ဈေးဝယ်သူများကို ပိုမိုစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်ရန် သူတို့၏အမြင်များကိုလည်း အတွေ့အကြုံများကိုလည်း ကြိုဆိုကြောင်း SCB ကထုတ်ပြန်ထားသည်။ လုပ်ငန်းရှင် တစ်ဦးချင်းစီကို သူတို့၏ကိုယ်ပိုင်ထုက်ကုန်နည်းဗျူဟာများကို ကမ်းလှမ်းခြင်းများလည်းရှိပြီး တစ်ဦးချင်းစီကိုလည်း အကြံဉာဏ်များလည်းပေးခဲ့သည်။ ယင်းသင်တန်းနှင့်ဆိုင်သည့်အခမ်းအနားဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်တွင် အစားအသောက်နှင့် အဖျော်ယမကာများ၊ အဝတ်အထည်များ၊ အလှကုန်များနှင့် များစွာသောကဏ္ဍအသီးသီးရှိ ကုမ္ပဏီ ၆၀ တို့မှ အမှုဆောင်အရာရှိ ၁၀၀ ကျော် တို့သည် ယင်းအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
ယင်းသင်တန်းသည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်ထက်ကျော်လွန်၍ အနာဂါတ်စီးပွါးရေးတိုးတက်မှုကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ထားပြီး SCB သည် စီးပွားရေးအခွင့်အလမ်းများရှာဖွေနေသည့် မြန်မာ့လုပ်ငန်းရှင်များအား အပြည့်အဝကူညီ ထောက်ပံ့ပေးရန် ကတိပြုထားကြောင်းသိရသည်။ သင်တန်းကို ထိုင်းနိုင်ငံရှိဖြန့်ချိသူများမှ စီးပွားရေးလုပ်ငန်းများနှင့် လိုက်ဖက်သော လုပ်ဆောင်မှုများကို စီးပွါးရေးအလျင်အမြန်တိုးတက်မှုအတွက် ဖြတ်လမ်းများချမှတ်ပေးနိုင်ရန် ကူညီ၍ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။