HomeBusinessရပ်နားထားသည့် စက်ရုံများမှ အလုပ်သမားများကို လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းထုတ်ပေးမည်

ရပ်နားထားသည့် စက်ရုံများမှ အလုပ်သမားများကို လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းထုတ်ပေးမည်

စက်ရုံ၊အလုပ်ရုံများယာယီရပ်နားထားသည့် အလုပ်သမားများသည့် လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားပါက လုပ်ငန်းရပ်နားထားသည့် ရက်များအတွက် ၂၀၂၀ ခုနှစ်အတွက် ထည့်ဝင်ကြေးပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့်အဖြစ်ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက ဧပြီ ၂၈ တွင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ စက်ရုံနှင့်အလုပ်ရုံများမှ အလုပ်ရှင်များသည့် လူမူဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိရန် သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများတွင် ဧပြီ ၂၈ မှ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

Covid-19 ၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်ရန် စက်ရုံနှင့်အလုပ်ရုံများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်ရုံများကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီးနောက်တွင် စက်ရုံနှင့်အလုပ်ရုံများသည် စစ်ဆေးခံရန် ယာယီပိတ်သိမ်းခဲ့ပြီး အဆိုပါစက်ရုံနှင့် အလုပ်ရုံများမှ ဝန်ထမ်းများမှာ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ယာယီနားခဲ့ရခြင်းကြောင်း ယခုကဲ့သို့ လူမှုဖူလုံရေးကြေးပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img