HomeBusinessLocalအိမ်၊ ခြံဝင်းများအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိူးလိုပါက မြို့နယ်စိုက်ပျိူးရေးရုံးများတွင် အခမဲ့ ထုတ်ယူနိုင်မည်

အိမ်၊ ခြံဝင်းများအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိူးလိုပါက မြို့နယ်စိုက်ပျိူးရေးရုံးများတွင် အခမဲ့ ထုတ်ယူနိုင်မည်

အိမ်၊ ခြံ၀င်းများအတွင်း ဟင်းသီးဟင်ရွက် စိုက်ပျိုးလိုပါက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးနှင့် ဌာနပိုင် ဉယျာဉ်ခြံများတွင် မျိုးစေ့များကို အခမဲ့ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနမှ သိရသည်။

မိမိတို့ အိမ်ခြံ၀င်းများအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန်အတွက် ၀န်ကြီးဌာနမှ ချဉ်ပေါင်၊ ကန်စွန်း၊ ဘူးသီး၊ ဖရုံသီး အစရှိသည့် မျိုးစေ့များကို အဓိကထား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် နည်းပညာလိုအပ်ပါကလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့်အတွက် ဓာတုဆေးဝါး ပါဝင်မှုမရှိသည့် အော်ဂဲနစ်ပင်များကို စားသုံးနိုင်မည့်အပြင် မိမိအိမ်တွင် စိုက်ပျိုးသည့်အတွက် ထွက်ငွေသက်သာစေမည်ဖြစ်သည်။

ကိုယ်ပိုင်ခြံ၀င်းများတွင် အာဟာရပြည့်၀သည့် ခြံထွက် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုး စားသုံးနိုင်မည့် ဉယျာဉ်စိုက်ပျိုးခြင်း စီမံကိန်းအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့ပေါင်း ၂၀ကျော်နှင့် ကီလို ၃၀၀၀ခန့် ထုတ်လုပ်ထားကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img