HomeBusinessRegionalLockdownမလိုက်နာသူများအား အသေပစ်သတ်ခိုင်းရန် ဝန်မလေးဟု ဖိလစ်ပိုင် သမ္မတပြော

Lockdownမလိုက်နာသူများအား အသေပစ်သတ်ခိုင်းရန် ဝန်မလေးဟု ဖိလစ်ပိုင် သမ္မတပြော

Lockdown ချထားခြင်ကို မလိုက်နာပါက အသေပစ်ခိုင်းရန် စစ်သားများကို အမိန့်ပေးဖို့ ဝန်မလေးကြောင်း ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ 

အစိုးရ၏ စားနပ်ရိက္ခာအကူအညီပေးမှုများနှင့် ပတ်သက်၍ ဖလစ်ပိုင်မြို့တော်မနီလာမြို့ရှိ ပြည်သူများက ဆန္ဒပြခဲ့ကြပြီးနောက်တွင် သူက တီဗီမိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မနီလာမြို့မှာ မတ်လ ၁၅ ရက်နေ့ကတည်းက lockdown ချကာ အသွားအလာတားမြစ်ထားခြင်းဖြစ်သည်။
“ပြဿနာရှာတာ၊ ပစ်တာခတ်တာ၊ သတ်တာဖြစ်တာတွေရှိလာရင် လုပ်တဲ့လူကို သေနတ်နဲ့ပစ်မိန့်ပေးဖို့ ဝန်လေးနေမှာမဟုတ်ပါဘူး။ ဖမ်းဆီးထိန်းသိမ်းဖို့ ရဲတွေကို အမိန့်ပေးဖို့လည်း ဝန်လေးနေမှာမဟုတ်ပါဘူး။ အဖမ်းခံရတယ်ဆိုရင်တော့ စားစရာကို ကိုယ့်ဘာသာကိုယ် ရအောင်လုပ်ခိုင်းမှာပါ” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ခြိမ်းခြောက်ပြောကြားခဲ့သည့်အပေါ် သမ္မတ Duterte ကို ဝေဖန်နေကြသည်။

မူးယစ်ဆေးကို တိုက်ဖျက်ရန် လုပ်ဆောင်စဥ်ကလည်း ရဲနှင့် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များက လူထောင်ပေါင်းများစွာကို ပစ်သတ်ခဲ့ပြီးထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဥပဒေနှင့်အညီဖြစ်သည်ဟု ဆိုခဲ့သည်။

ဖိလစ်ပိုင်ရဲမှူးကတော့ Duterte ၏ ပြောဆိုချက်မှာ လက်ရှိအခြေအနေများ၏ အရေးကြီးပုံကို အဓိကပြောလိုရင်းဖြစ်ကြောင်း၊ မည်သူ့ကိုမျှ ပစ်သတ်မည်မဟုတ်ဟု နားလည်ထားကြောင်း ပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နှစ်ထောင်ကျော်ရှိနေပြီး နေ့စဥ် ကူးစက်မှုအတည်ပြုလူနာပေါင်း ရာချီကာ တိုးပွားလာနေသည်။

English Version

Reuters : Philippine President Rodrigo Duterte said on Wednesday (April 1) he would not hesitate to have his soldiers shoot dead those who violated coronavirus lockdown measures.

That’s the order Philippine President Rodrigo Duterte gave his military on Wednesday (April 1) to punish those who violate coronavirus lockdown measures.

His televised comments came after media reports of a disturbance in the capital Manila on Wednesday, where residents were protesting about government food aid.

The city has been under lockdown since March 15.

“Any troubles or gunfight, killings, I will not hesitate to order my soldiers to shoot you. I will not hesitate to order the police to arrest and detain you. Now, if you are detained, I will leave you to how you get your own food.”

Duterte has been staunchly criticized by activists for his aggressive rhetoric, which they say invites violence and vigiliantism.

During the country’s war on drugs, police and mystery gunmen killed thousands of people and defended their actions as lawful.

On Thursday (April 2), however, the national police chief said police understood that Duterte was merely demonstrating the seriousness of the situation in his most recent address and that no one would be shot.

The Philippines has reported over 2,000 virus cases — with new infections now in the hundreds every day.

Min Thu Aung
Min Thu Aung
Experienced Journalist with a demonstrated history of working in the newspaper industry. Skilled in Writing, Translation, Research, Video Editing, and Painting. Strong media and communication professional with a Bachelor's degree focused in English from Monywa University, and a Diploma in International Relations from the University of Yangon
- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img