Home Business ShweTaung and AEON Form Joint Venture to Invest in Malls

ShweTaung and AEON Form Joint Venture to Invest in Malls

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Shwe Taung Real Estate Co., Ltd, the real estate arm of Shwe Taung Group, has entered into a joint venture with AEON MALL Co., Ltd., a member of Japan’s Aeon Co Ltd, a listed conglomerate, to invest, develop, manage and operate large scale shopping malls in Myanmar. In the joint venture, AEON Mall Myanmar Co., Ltd, Shwe Taung will hold a 30% stake and the rest by AEON MALL.

Last week, Myanmar Investment Commission approved an investment proposal for $180 million worth large-scale shopping mall.

Aeon Mall Myanmar Co., Ltd. will develop the first AEON MALL in Myanmar on a 17.632 acre of land at the corner of Shwe Li Road and Ayeyarwun Road, Dagon Seikkan Township, Yangon. The 5-story shopping mall will have a gross floor area of about 1.2 million square feet and 2,300 parking lots.

The construction of mall is scheduled to start next year and expected to open around 2023.

“Junction has been a household name among Myanmar consumers for the past two decades. We are excited to enter into this strategic joint venture with AEON MALL to bring fresher and more innovative retail and lifestyle concepts to Myanmar so that our tenants, customers, and the community can enjoy new experiences,” Daw Sandar Htun, CEO of Shwe Taung Real Estate, said.

Junction, part of Shwe Taung, is the largest shopping mall owner, manager, and operator in Myanmar with a portfolio of 6 Junction shopping malls comprising more than 1 million square feet of retail space. Junction introduced the first modern shopping mall concept to Myanmar in 1999.

“We believe our partnership will offer Myanmar consumers a new lifestyle experience by providing a platform for regional community functions, cutting-edge shopping zones, and entertainment spaces. AEON MALL is proud to contribute to the further development and economic revitalization of Myanmar,” Mr. Mitsugu Tamai, Managing Director of AEON MALL, said.

AEON MALL is a member of Japan’s Aeon Co Ltd, a listed conglomerate that operates in 7 industries including the main business of general merchandise retail. Aeon Co Ltd is an investment holding company with 28 equity affiliated companies and 287 consolidated subsidiaries as of 29th February 2020.


Shwe Taung Group ၏ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သော Shwe Taung Real Estate Co., Ltသည် မြန်မာနိုင်ငံတွင် အကြီးစား ဈေးဝယ်စင်တာများ တည်ဆောက်လုပ်ကိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် Aeon Co Ltd ၏ လက်အောက်ရှိ AEON MALL Co., Ltd နှင့် အကျိုးတူပူးဆောင်ရွက်လိုက်ကြောင်း သိရသည်။ AEON Mall Myanmar Co., Ltd ဟူသည့် နာမည်ဖြင့် တည်ထောင်ထားသော အဆိုပါ အကျိုးတူလုပ်ငန်းတွင် Shwe Taung က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး AEON MALL က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အမေရိကန်ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိသည့် အကြီးစား ဈေးဝယ်စင်တာတစ်ခု တည်ဆောက်မည့် စီမံကိန်းကို အတည်ပြုပေးခဲ့သည်။

Aeon Mall Myanmar Co., Ltd သည် မြန်မာနိုင်ငံ၌ ပထမဆုံးသော AEON MALL ကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရွှေလီလမ်းနှင့် ဧရာဝန်လမ်းထောင်ရှိ ၁၇ ဒသမ ၆၃၂ ဧကရှိသော မြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ အထပ်ငါးထပ်ပါဝင်မည့် အဆိုပါ ဈေးဝယ်စင်တာသည် ၁ဒသမ၂ စတုရန်းပေ ၁ဒသမ၂ သန်း ခန့်ရှိပြီး ယာဥ်အစီးရေ ၂၃၀၀ ရပ်နားနိုင်သည့် ယာဥ်ရပ်နားဝန်းတစ်ခုပါဝင်မည်ဖြစ်သည်။ ယင်းစီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများကို လာမည့်နှစ်တွင်စတင်ရန် ရည်မှန်းထားကာ ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။

“Junction ဟာ မြန်မာပြည် ဈေးဝယ်သူတွေအနေနဲ့ ဆယ်စုနှစ် နှစ်ခုတိုင်အောင် အလွန်ရင်းနှီးပြီးသား နာမည်တစ်ခုပါ။ ကျွန်မတို့ရဲ့ ဆိုင်ခန်းငှားရမ်းသူတွေ၊ ဈေးဝယ်သူတွေနဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူအများဆီကို သစ်လွင်ဆန်းကျယ်တဲ့ ဈေးဝယ်မှုအတွေ့အကြုံဆန်းတွေနဲ့ လူနေမှုပုံစံအသစ်တွေကို ဖောင်ဆောင်ပေးဖို့ အခုလို AEON MALL နဲ့အတူ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်” ဟု Shwe Taung Real Estate ၏ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းက ပြောသည်။

Shwe Taung ၏ Junctioin သည် ဆိုင်ခန်းနေရာ စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၁ သန်းကျော် ရှိသည့် Junction ဈေးဝယ်စင်တာ ၆ ခုကို စီမံလုပ်ကိုင်နေသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Shopping Centre လုပ်ငန်းဖြစ်သည်။ Junction သည် ၁၉၉၉ ခုနှစ်ကတွင် ခေတ်မီဈေးဝယ်စင်တာကို မြန်မာနိုင်ငံတွင် ပထမဆုံး စတင်မိတ်ဆက်ခဲ့သည်။

AEON MALL သည် အထွေထွေ လက်လီလုပ်ငန်းအပါအဝင် လုပ်ငန်း ကဏ္ဍပေါင်း ၇ ခုကို လည်ပတ် လုပ်ကိုင်လျက်ရှိသည့် ဂျပန်နိုင်ငံအခြေစိုက် Aeon Co., Ltd ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ  ၂၉ ရက်အထိ အချက်အလက်များအရ အဆိုပါ လုပ်ငန်းသည် ရှယ်ယာဝင်ကုမ္ပဏီပေါင်း ၂၈ ခုဖြင့် လက်အောက်ခံ ကုမ္ပဏီပေါင်း ၂၈၇ ခုရှိသည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

Min Thu Aung
Experienced Journalist with a demonstrated history of working in the newspaper industry. Skilled in Writing, Translation, Research, Video Editing, and Painting. Strong media and communication professional with a Bachelor's degree focused in English from Monywa University, and a Diploma in International Relations from the University of Yangon
- Advertisment -

Must Read

Myanmar Doing Well in Backing Country’s Economy During the Pandemic: State...

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Daw Aung San Suu Kyi, the State Counsellor of Myanmar, said in her address to the country on September 25 that the...