Ei Thandar Tun
Singapore Festival 2020, with entertainment and participation by Singapore and Myanmar chefs, artists, performers and fashion brands, will be held February 1-2 at Chin Chaung Palace on Kabar Aye Pagoda Road.
Targeting people who love food, parties, art and shopping, the festival will take the form of a garden party, suitable for youngsters and families.
“Chin Chaung Palace has a glorious history and culture as it is built in a mix of eastern and western architecture,” said Mr. Soo Siew Keong, Singapore Tourism Board’s director of trade engagement and new markets. “We want to convey Yangon’s significant historical signature along with Singapore’s creativity and innovation. After visiting the festival, we want to invite the audience to visit Singapore in person.”
The Department of Archaeology and National Museum under the Ministry of Religion and Culture supports the festival by providing a venue. Proceeds from ticket sales will be donated toward the building’s repair and maintenance.
“We organize this festival as a socially responsible event,” said Mr. Soo. “We will limit the use of plastic, and art products and furniture will be made with sustainable materials. We will also ban smoking during the festival. We want to show that we can protect and preserve the environment while creating and having fun.”
The festival was held at a shopping center in 2016 and 2017 and at Bogalayzay Road in 2018, attracting 120,000 people.
Thanks to the festival, Singapore received 145,000 visitors from Myanmar in 2018 and 130,000 between January and October 2019, according to Singapore Tourism Board.
Myanmar Summary
Singapore Festival 2020 ကို လာမည့်နှစ်အစောပိုင်းအတွင်း ရန်ကုန်တွင်ပြုလုပ်မည်
စင်ကာပူနှင့် မြန်မာနိုင်ငံမှ စားဖိုမှူးများ၊ ဂီတပညာရှင်များ၊ အနုပညာရှင်များနှင့် ဖက်ရှင် အမှတ်တံဆိပ်များကို ခင်းကျင်းပြသသွားမည့် Singapore Festival 2020 ကို လာမည့်နှစ် ဖေဖော်ဝါရီလ ၁ရက်နေ့နှင့် ၂ရက်နေ့တို့တွင် ကမ္ဘာအေးဘုရားလမ်းရှိ ချင်းချောင်းနန်းတော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲတော်ကို Garden Party ပုံစံကျင်းပသွားမည်ဖြစ်ပြီး လူငယ်လူရွယ်များနှင့် မိသားစုများအတွက် အဓိကရည်ရွယ်ကာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အစားအသောက်နှစ်သက်သူများ ၊ ပါတီပျော်ရွှင်မှှုကို ခုံမင်သူများ၊ အနုပညာမြတ်နိုးသူများ ၊ဈေးဝယ်ထွက်လိုသူများအတွက် သင့်တော်သည့်ပွဲတော် တစ်ခုဖြစ်ကြောင်း ပွဲကိုဦးဆောင်ကျင်းပသည့် Singapore Tourism Board STB ကထုတ်ပြန်ထားသည်။
“ ချင်းချောင်းနန်းတော်က သမိုင်းအစဉ်အလာကြီးမားပြီး အရှေ့တိုင်းနဲ့ အနောက်တိုင်း ဗိသုကာ ပညာများကို ရောယှက်တည်ဆောက်ထားပါတယ်။ ဒါကြောင့် ရန်ကုန်ရဲ့ သမိုင်းအမှတ်အသားတွေကို အလေးထားသလိုပဲ စင်ကာပူရဲ့ ဖန်တီးနိုင်စမ်းနဲ့ ရဲရင့် တက်ကြွမှုကိုလည်း ပြသလိုပါတယ်။ ဒီပွဲကို လာရောက်ပြီး ခံစားကြည့်ဖို့နဲ့ စင်ကာပူကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ပြည့်ပြည့်၀၀ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု Singapore Tourism Board မှ Director of Trade Engagement & New Markets Mr. Soo Siew Keong က ပြောသည်။
အဆိုပါပွဲတော်၏နေရာအတွက် မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် အနုပညာကျောင်းတ့ိုက ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။ ပွဲ၏ ဝင်ခွင့်လက်မှတ်ရောင်းချရာမှ ရရှိသော အမြတ်အစွန်းများကို ချင်းချောင်းနန်းတော် အဆောက်အဦ ထိန်းသိမ်းပြုပြင်ရန် လှူဒါန်းသွားမည်ဖြစ်သည်။
“ဒီပွဲကို ကျွန်တော်တို့အနေနဲ့ လူမှှုရေးအရ တာဝန်ခံမှှုရှိတဲ့ ပွဲအဖြစ်စီစဉ်နေတဲ့အကြောင်းကို ကြေညာလိုပါတယ်။ ဒီအတွက်ပွဲမှာ ပလတ်စတစ်အသုံးချမှှုကို အနည်းဆုံးဖြစ်အောင် ကန့်သတ်ထားမှဖြစ်သလို၊ အနုပညာလက်ရာတွေနဲ့ ပရိဘောဂတွေကလည်း ရှေရှည်တည်တံ့နိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုလုပ်သွားမှာပါ။ ဒါအပြင့် ဆေးလိပ်သောက်တာကိုလည်း တားမြစ်ထားပါတယ်။ ပျော်စရာတွေဖန်တီးရင်းလည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်တယ် ဆိုတာကို ပြသဖို့ရည်ရွယ်ပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။
၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင် Singapore Festival ကို ရန်ကုန်ရှိ ဈေးဝယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၈တွင် အနုပညာ၊ တေးဂီတနှင့် အစားအသောက်မျိုးစုံပါဝင်သည့် Street Party ကြီးကို ဘိုကလေးဈေးလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကာ ပွဲကို လူပေါင်း ၁၂၀၀၀၀ ပါဝင်ဆင်နွဲခဲ့သည်။
STB က ထိုကဲ့သို့ ပွဲများကျင်းပပြုလုပ်ခဲ့ခြင်းဖြင့် ၂၀၁၈ခုနှစ်တွင် စင်ကာပူနိုင်ငံသို့ အပန်းဖြေရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် လာရောက်သည့် မြန်မာလူမျိုး ၁၄၅၀၀၀ဦးထိ ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၉ခုနှစ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ လူဦးရေ ၁၃၀၀၀၀ခန့် ဝင်ရောက်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။