Singapore Fines UBS $8 Mln Over Deceptive Bond Trades

0
117
REUTERS/Feline Lim
A man walks past a UBS logo projected on a screen in Singapore, January 14, 2019.

John Geddie (REUTERS)

SINGAPORE

Singapore said on Thursday it had levied an S$11.2 million ($8 million) fine on Swiss bank UBS after investigations showed its advisors deceived clients over prices for bonds and structured products.

The Monetary Authority of Singapore (MAS) said UBS had reported certain malpractices in Hong Kong and Singapore in 2016.

“The enforcement action followed UBS’ reporting of the misconduct to MAS. UBS has admitted liability for its client advisors’ actions and paid MAS the civil penalty,” MAS said in a statement.

“As part of the civil penalty settlement, UBS will compensate all affected clients managed by UBS’ Singapore branch.” ($1 = 1.3599 Singapore dollars)

စုံစမ်းစစ်ဆေးမှုများအရ ငွေစာချုပ်များနှင့် ထုတ်ကုန်များနှင့် ပတ်သက်၍ ဆွစ်ဘဏ် UBS ၏ အကြံပေးများသည် ဖောက်သည်များအား လိမ်လည်လှည့်ဖျားခဲ့ကြောင်းထင်ရှားသဖြင့် အဆိုပါ ဘဏ်အား စင်ကာပူဒေါ်လာ ၁၁ဒသမ၂ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း) ဒဏ်ရိုက်ခဲ့ကြောင်း စင်ကာပူနိုင်ငံက ပြောကြားလိုက်သည်။

၂၀၁၆ ခုနှစ်တွင် ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ၌ မရိုးမသားဆောင်ရွက်မှုများရှိခဲ့ကြောင်း Monetary Authority of Singapore (MAS) ထံ UBS သတင်းပေးခဲ့ကြောင်း သိရသည်။

“အခုလိုအရေးယူတာဟာ လှည့်ဖျားမှုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း MAS ကို UBS က တိုင်ကြားမှုအပြီးမှာ အရေးယူလိုက်တာပါ။ UBS ဟာ ဖောက်သည်အကြံပေးတွေရဲ့ မရိုးမသားလုပ်ရပ်ကို ဝန်ခံခဲ့ပြီး ဒဏ်ကြေးပေးဆောင်ခဲ့တယ်”ဟု MAS က ဆိုသည်။

ဒဏ်ကြေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် UBS သည် ၎င်း၏ စင်ကာပူ ဘဏ်ခွဲကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဖောက်သည်များအားလုံးကို နစ်နာကြေးပေးသွားမည်ဖြစ်ကြောင်း MAS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

SOURCEJohn Geddie (REUTERS)
Previous articleMalaysia Signs 2020 Palm Oil Export Deal for South Asia
Next article‘Suffering’ German Economy Dodges Recession in Third Quarter