HomeBusinessLocalSingapore Firm to Invest $142 Million in Yangon Mixed-Use Project

Singapore Firm to Invest $142 Million in Yangon Mixed-Use Project

Singapore-based Green Urban Ventures will invest over $142 million to develop a mixed-use project in Yangon following the recent approval of their investment proposal by the Directorate of Investment and Company Administration (DICA).

The project represents the second foreign direct investment into Myanmar this fiscal year. Thailand-based Amata Group’s $300 million Smart & Eco City was earlier approved by DICA.

The Green Urban Ventures development will be located at the corner of Baho Street, Ahlone Township, Yangon. The construction of the complex with residential buildings and offices will take three years.

“This project is not a joint venture but a wholly foreign-owned project under the build-operate-transfer system,” said DICA deputy director general U Thant Sin Lwin.

Thanks to such large-scale projects, foreign direct investment into the country so far this fiscal year has exceeded the year-earlier period by $300 million.

As of November 15, 25 foreign investments totaling $486.282 million have been approved for the 2020 fiscal year.


Myanmar Summary

ကန်ဒေါ်လာသန်း(၁၄၀)ကျော် စင်ကာပူရင်းနှီးမြှုပ်နှံမှှု အိမ်ခြံမြေကဏ္ဍတွင် ဝင်ရောက်
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် အိမ်ခြံမြေကဏ္ဍ၌ ဒုတိယဝင်ရောက်မှု အဖြစ် စင်ကာပူကုမ္ပဏီ Green Urban Ventures Company က ကန်ဒေါ်လာသန်း (၁၄၂) ကျော် ရင်းနှီးမြှုပ်နှံ၍ အိမ်ရာတည်ဆောက်ရေး စီမံကိန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အဆိုပါစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဗဟိုလမ်းထောင့်၌ တည်ရှိပြီး တည်ဆောက်ရေးကာလအချိန်(၃)နှစ်ကြာမြင့်မည်ဖြစ်ပြီး အိမ်ရာ၊ ရုံးခန်းများတည်ဆောက်၍ ငှားရမ်းခြင်း၊ ရောင်းခြင်းများကို လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ပြောသည်။
“ ဒီအိမ်ရာစီမံကိန်းကတော့ ဖက်စပ်မဟုတ်ဘူး။ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ BOTစနစ် နဲ့ပါ”ဟု ၎င်းက ဆိုသည်။
ယခုဘဏ္ဍာနှစ် အိမ်ခြံမြေကဏ္ဍ၌ ပထမဆုံးဝင်ရောက်ထားသော ရင်းနှီးမြုပ်နှံမှုမှာ ထိုင်းနိုင်ငံ Amataကုမ္ပဏီက ကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ Smart & Eco City ဖော်ဆောင်ခြင်းစီမံကိန်း ဖြစ်သည်။
ယင်းကဲ့သို့ အိမ်ခြံမြေကဏ္ဍ၌ ပမာဏကြီးမားသော ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခြင်းကြောင့် ယခုနှစ်ဘဏ္ဍာနှစ်အစမှ နိုဝင်ဘာ(၁၅)အထိ ဝင်ရောက်ထားသောရင်းနှီးမြုပ်နှံမှုပမာဏသည် ယခင်နှစ်၏အလားတူကာလဖြစ် နှိုင်းယှဉ်ပါက သန်း(၃၀၀)ကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ဦးသန့်စင်လွင်ကဆိုသည်။
ယခု၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အစမှ နိုဝင်ဘာ(၁၅)ရက်အထိဝင်ရောက်ထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၅)ခု၊ အမေရိကန်ဒေါ်လာ(၄၉၆ဒသမ၂၈၂)သန်းအထိ ရှိကြောင်း အဆိုပါဌာန၏ စာရင်းများအရသိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img