Myo Sandar/Myanmar Business TodayIn a move to assist SMEs and contribute to the country’ economic development, the SME Development Bank is set to offer cash flow budget (CFB) loans requiring no collateral from the borrowers.
The loans will be provided to SMEs in the agricultural sector (rice and corn), livestock breeding sector (fish, shrimp, crab, chicken, cow) and manufacturing sector (foods, consumer products, garments).
In addition, the bank will provide CFB loans to other SMEs that create jobs and promote exports. Loan consideration will be based on the business’s development.
Myanmar citizens aged 20 to 60 whose business has been in operation for at least two years are eligible to apply for the loans. Applicants must have a membership card in an SME organization and provide required documents. The maximum amount of loan available to each applicant is K5 million.
To date, the government has provided local SMEs with K30 billion in collateralized loans and K7.393 billion in Credit Guarantee Insurance (CGI) loans. SMEs have also benefited from 20 billion yen in loans from JICA (Japan International Cooperation Agency), K200 billion loans from Myanma Economic Bank and 15.3 million euro loans from German Corporation for International Cooperation (GIZ).
There are over 73,000 SMEs in Myanmar, according to Ministry of Industry data.
အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SME)အတွက် SME Development Bank မှ အဆိုပါလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နေသည့် ငွေအပေါ်အခြေခံ၍ အာမခံအပေါင်ပစ္စည်းမပါဘဲ CFB loan ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း SME ဘဏ်မှ သိရသည်။
အဆိုပါ CFB loan သည် အပေါင်ပစ္စည်းမပါဘဲထုတ်ချေးသည့် လုပ်ငန်းလည်ပတ်ငွေအပေါ်အခြေခံ၍ ထုတ်ချေးသည့် ချေးငွေအမျိုးအစားဖြစ်သည်။
ယင်းချေးငွေကို အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ထုတ်ချေးခြင်းဖြစ်ကြောင်း SME ဘဏ်မှ သိရသည်။
ထိုချေးငွေကို စိုက်ပျိုးရေးကဏ္ဍ( စပါး၊ပြောင်း)၊ မွေးမြုရေးကဏ္ဍ(ငါး၊ပုစွန်၊ကဏန်း၊ ကြက်၊ နို့စားနွား)၊ ကုန်ထုတ်လုပ်မှုကဏ္ဍ(စားသောက်ကုန်၊လူသုံးကုန်၊အ၀တ်အထည်)လုပ်ငန်းများလုပ်ကို်င်သည့် အသေးစားနှင့်အလတ်းစားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သွင်းကုန်အစားထိုးနှင့် ပို့ကုန်အားပေးသည့်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် လုပ်ငန်းများကိုလည်း ချေးငွေထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ချေးငွေထုတ်ချေးရာ၌ လုပ်ငန်းတိုးတက်မှုနှုန်း ထင်သာမြင်သာရှိမှသာ တစ်ဆင့်ပြီးတစ်ဆင့် ချေးငွေထုတ်ချေးသားမည်ဖြစ်ကြောင်း SME ဘဏ်မှ သိရသည်။
ထိုသို့ ချေးငွေလျှောက်ထားလို့သည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများသည့် အသက် ၂၀ မှ ၆၀ အထိ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းတွင် အနည်းဆုံး ၂ နှစ်နှင့်အထက်ရှိသည့် လုပ်ငန်းဖြစ်ရမည်။
SME အသင်းဝင်ကတ်ရှိရမည်ဖြစ်ပြီး ချေးငွေအတွက်လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြနိုင်ရမည်ဖြစ်ပြီး လျှောက်ထားလိုသည့် ပမာဏသည်ကျပ် သန်း (၅၀) ထက်မပိုရကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ချေးငွေ ကျပ် ၃၀ ဘီလီယံ ၊ အပေါင်မဲ့ အာမခံစနစ် CGI ဖြင့် ကျပ် ၇ ဒသမ ၃၉၃ ဘီလီယံ ၊ JICA မှ ဂျပန်ယန်း ဘီလီယံ ၂၀ ၊ မြန်မာစီးပွားရေးဘဏ်မှ ကျပ် ၂၀၀ ဘီလီယံ နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်မှ ယူရို ၁၅ ဒသမ ၃ သန်း ထုတ်ချေးထားကြောင်း သိရသည်။
စက်မူဝန်ကြီးဌာနတွင် လုပ်ငန်းပေါင်း ခုနှစ်သောင်းသုံးထောင်ကျော်မှ SME လုပ်ငန်းများအဖြစ်မှတ်ပုံတင်ထား ကြောင်း သိရသည်။