Authorized Soueast dealer Dagon Arr Mahn Thit introduced the Soueast A5 sedan at a launch event on January 5.
Equipped with 1499 cc engine power and 120 HP engine output, the A5 is priced at K25.5 million (before tax). It comes with a CVT gear box, 16-inch alloy wheels and 2,655 mm wheelbase.
Available in five colors, the car features LED combination tail lights, parking sensor, kick sensor for hands-free trunk opening/closing and a leather-clad interior.
The A5’s fuel efficiency makes it suitable for customers who want to save money on fuel, said Dr. Soe Thant Zaw, director of Dagon Arr Mahn Thit.
“We offer a three-year and 100,000-k.m. warranty for our customers,” he added.
Customers have the option of paying the full price up front or putting down 15 percent and paying off the balance over three or five years.
After-sale support is available at five Soueast service centers in Yangon and one each in Naypyidaw and Mandalay. The company is planning to open another service center in Phyarbon Township.
Dagon Arr Mahn Thit has sold over 2,000 units of Soueast cars since January 2019.
Soueast Motor Myanmar plans to produce DX9 seven-seaters under SKD system in 2020.
Myanmar Summary
တရုတ်ဇိမ်ခံကားအမျိုးအစားအသစ်ဖြစ်သော SOUEAST A5 ကို ဇန်နဝါရီ(၅)ရက်က ရန်ကုန်တိုင်း၊ Time City Outdoor Promotion Area တွင် စတင်မိတ်ဆက်ခဲ့သည်။
ဝင်ငွေခွန်မပါဘဲ ဈေးနှုန်း ကျပ် ၂၅၅ သိန်းတန်ဖိုးရှိ အသစ်မိတ်ဆက်လိုက်သော A5 သည် အင်ဂျင်ပါဝါ 1499CC ၊ Engine Output 120Hp၊ 143NM of Torque၊ CVT Gear Type အမျိုးအစားဖြစ်ပြီး ၁၆လက်မရှိအလွိုင်းနှင့် Wheelbaseအကွာအဝေး ၂၆၅၅ မီလီမီတာ ပါရှိသည်။
မော်တော်ယာဉ်၏ အနောက်ဘက်ခြမ်းတွင် Led Combination Tail Light ကိုအသုံးပြုထားပြီး Parking Sensor အပြင် Hands-Free Trunk အဖွင့်အပိတ်အတွက် Kick Sensor ကို အသုံးပြုထားသည်။
အတွင်းပိုင်းဖွဲ့စည်းပုံအနေဖြင့် Leather ကို အဓိကထားအသုံးပြုထားပြီး ဆီစားသက်သာသောကြောင့် ဈေးသက်သာစွာဖြင့် စီးနင်းချင်သော Customer များအနေဖြင့် အထူးသင့်လျော်သည်ဟု အဆိုပါကားများကို Dealer အဖြစ် ရောင်းချနေသောကုမ္ပဏီဖြစ်သော Dagon Arr Mahn Thit ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာစိုးသန့်ဇော်က ပြောသည်။
“ ကားဝယ်ယူလိုတဲ့ ဖောက်သည်တွေ အနေနဲ့ ကျွန်တော်တို့ဘက်က သုံးနှစ်အာမခံနဲ့ ကီလိုမီတာတစ်သိန်း သတ်မှတ်ပေးထားပါတယ် ” ဟု ၎င်းက ဆိုသည်။
Dagon Arr Mahn Thit ကုမ္ပဏီသည် SOUEAST မော်တော်ကားများကို အရောင်းကိုယ်စားလှယ် အဖြစ် လက်ခံရောင်းချပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ တစ်နှစ်စာ အစီးရေနှစ်ထောင် ကျော်လက်ခံရောင်းချပေးထားကြောင်း ကုမ္ပဏီဘက်က ဆိုသည်။
SOUEAST မော်ဒယ်အသစ်ကို အရောင်ငါးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပြီး တိုက်ရိုက်ငွေပေးချေခြင်း အပြင် Down Payment (၁၅)ရာခိုင်နှုန်းပေးသွင်းကာ ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျသုံးနှစ်၊ ငါးနှစ်အထိ ရွေးချယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
ဝယ်ယူစီးနင်းကြသော Customer များအနေဖြင့် SOUEAST Service စင်တာကို ခုနှစ်ခုထိ ဖွင့်လှစ်ထားခဲ့ပြီး ရန်ကုန်တိုင်း၌ ငါးခု ၊ နေပြည်တော် ၊ မန္တလေးတို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။ ဖျာပုံမြို့နယ်၌ ထပ်မံ ဖွင့်လှစ်ရန်လျာထားသည်။
SOUEAST Motor Myanmar အနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း SOUEAST DX9 မော်ဒယ်အသစ်ဖြစ်သော 7 Seaters ကားအမျိုးအစားကို ထပ်မံမိတ်ဆက်သွားရန်ရှိသည်။