HomeBusinessState Counsellor Worried the Loss of Investment If Factories Suspended for a...

State Counsellor Worried the Loss of Investment If Factories Suspended for a Long Time

If the factories, which run with foreign direct investment, remained close for a long time, it can result in the loss of investment, Daw Aung San Suu Kyi, the State Counsellor of Myanmar, said in her address to the people explaining the situation of the pandemic in Myanmar.

“If the factories that run with foreign investment remain closed for a long time, we might not continue to get the investments. If we lose investments, it is not good for our economy and the lives of our workforce. Therefore, we want factories to resume as soon as possible,” she said. 

The Ministry of Health and Sports will allow the CMP factories as well as small and medium enterprises to resume the operation if they meet all the requirements of COVID-19 prevention and get an A-rating for preparedness. 

“To resume sooner, workers need to follow the rules. Both owners of the factories and workers are responsible for the prevention of the virus. We have announced the guidelines to follow in the factories. People will be safe if the rules are followed,” she added.  

There were incidents of being crowded during lunch or while waiting for the ferry to work when the factories, that get an A-rating for preparedness, reopened on October 12. 

Written by Ko Myo


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်လည်ပတ်နေသော စက်ရုံများ ကြာကြာရပ်နားပါက ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

အောက်တိုဘာလ ၁၂ရက်နေ့ညပိုင်းက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေ နှင့် စပ်လျဉ်း၍ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုအချိန်မှာ စက်ရုံတွေ အလုပ်ရုံတွေ အထူး သဖြင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုနဲ့လည်ပတ်နေတဲ့ စက်ရုံ အလုပ်ရုံတွေက ကြာကြာရပ်သွားရတယ်ဆိုရင် အဲဒီရင်းနှီးမြှုပ်နှံမှုတွေက ဆက်ပြီး ရချင်မှ ရမှာပါ။ အဲဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားရတယ်ဆိုရင် ရေရှည်မှာ ကျွန်မတို့ရဲ့စီးပွားရေး ၊ ကျွန်မတို့ရဲ့ အလုပ်သမားများ ရဲ့ ဘဝကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့်စက်ရုံ အလုပ်ရုံများကို မြန်မြန်ဆန်ဆန်ပြန်ပြီးတော့ လည်ပတ်စေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင် ထားရှိကြောင်းတွေ့ရှိပါက (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စား လုပ်ငန်း များအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြု နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ရက် တွင် ထုတ်ပြန် ကြေညာခဲ့သည်။

“ဒီလိုလည်ပတ်နိုင်ဖို့ အဓိကကျတာကတော့ အလုပ်သမားများဟာ သတ်မှတ်ထားတဲ့ စည်း မျဉ်းစည်းကမ်းတွေအရ နေရမှာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံပိုင်ရှင်တွေမှာလည်း တာဝန်ရှိသလို အလုပ်သမားတွေ တစ်ဦးချင်း တစ်ဦးချင်းမှာလည်း တာဝန်ရှိပါတယ်။ စက်ရုံအလုပ်ရုံအတွင်းမှာ ဘယ်လိုအခြေအနေရှိသင့်သလဲဆိုတာကို အားလုံးသိအောင်လို့ ကျွန်မတို့ ကြေညာထားပြီးသားဖြစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ ကိုက်ညီစွာနေမယ်ဆိုရင် ကျွန်မတို့ပြည်သူတွေအတွက် လုံခြုံမှုရှိမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။ 

အဆင့်A ရရှိထားသော စက်ရုံများကို အောက်တိုဘာလ ၁၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့်များပေးပြီးချိန်တွင် စက်မှုဇုန်များရှိအလုပ်သမား များ အကြား လူစုလူဝေးဖြင့် အလုပ်ကြိုပို့ယာဉ်စောင့်ဆိုင်းရခြင်း ထမင်းစားချိန်တွင် လူစုလူဝေး ဖြစ်ပေါ်ခြင်းများ ရှိနေကြောင်း အလုပ်သမားများထံမှသိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img