အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Written by Linn Thit
Due to the volatile market last year, sugarcane growers will only grow over 300,000 acres of sugarcane this year, compared to last year’s plantation of over 400,000 acres, according to Myanmar Sugar and Sugarcane Product Producers Association.
Last year, sugar export dropped drastically as China increase tariff on sugar import to 85 percent in a tit-for-tat trade war with the United States.
Moreover, Myanmar can only produce fine sugar; thus unable to export refine sugar resulting in a lack of foreign market. And the local sugar market cools with sugar price reaching the lowest benchmark in the last two years.
A viss (=1.63kg) of sugar is at K890 this year compared to K1,200 per viss in the 2017-2018 fiscal year and K1,000 in the 2018-2019 fiscal year.
Due to a lack of sugar market, the sugarcane plantation will drop to around 350,000 acres in seven years compared to over 400,000 acres in 2017-2019 and over 440,000 acres in 2018-2019.
Myanmar produces 460,000 tons last year.
Translated into English by Min Thu Aung
ပြည်ပသို့ တင်ပို့နေရသည့် သကြားစျေးကွက်ပျက်ခြင်းကြောင့် လာမည့် ဘဏ္ဍာနှစ်တွင် ကြံစိုက်ခင်းဧကကို ၃သိန်းခွဲကျော်သာ စိုက်ပျိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် သကြားများကို တရုတ်စျေးကွက်ကိုသာ အဓိက တင်ပို့နေခြင်းဖြစ်သော်လည်း တရုတ်မှ သကြားတင်သွင်းမှုအတွက် ၈၅% အခွန်ကောက်ခံခြင်းကြောင့် တင်ပို့မှုရပ်ဆိုင်းခဲ့ရပြီး မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် သကြားတင်ပို့မှုမှာလည်း ယခင်နှစ်ကတည်းက ရပ်နားထားခဲ့ရသည်။
ထို့ပြင် ပြည်တွင်း၌ Fine Sugar ကိုသာ ထုတ်လုပ်နိုင်ပြီး သန့်စင်ထားသည့် Refine Sugar ကို မထုတ်လုပ်နိုင်သည့်အတွက် အခြားနိုင်ငံများသို့ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
ယခုအခါတွင် သကြားကို ပြည်တွင်း စျေးကွက်တွင်သာ ရောင်းချနေရပြီး စျေးကွက်၌ ၀ယ်လိုအားနည်းကာ ရောင်းလိုအားများနေသည့်အတွက် ပြည်တွင်းစျေးကွက်တွင်ပင် သကြားစျေးကွက် ပျက်နေလျက်ရှိသည်။
လက်ရှိတွင် သကြားစျေးနှုန်းမှာလည်း ပြီးခဲ့သည့် ၂နှစ် နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းကျဆင်းနေလျက်ရှိသည်။ ၂၀၁၇−၂၀၁၈ ဘဏ္ဍာနှစ်တွင် သကြားတစ်ပိသာလျှင် ၁၂၀၀ကျပ်၊ ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၀၀၀ကျပ်၊ ယခု ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်တွင် ၈၉၀ ကျပ်အထိသာ ရှိကြောင်း သိရသည်။ သကြားတင်ပို့ရန် စျေးကွက်မရှိသည့်အတွက် လာမည့် ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧက ၃၅၀၀၀၀ ဧက ကျော်ကိုသာ စိုက်ပျိုးမည်ဖြစ်ပြီး ၇နှစ် နှစ်တာ ကာလအတွင်း ကြံအနည်းဆုံး စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
သကြားထုတ်လုပ်မှုအတွက် ၂၀၁၇−၂၀၁၈ဘဏ္ဍာနှစ်တွင် ကြံ ၄၀၃၆၇၀ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၄၄၉၄၄ဧက၊ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် ၄၅၀၉၃၀ ဧကအထိ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးမှုမှတစ်ဆင့် ပြည်တွင်း၌ သကြားထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၄၆၆၂၆၀၆၈ တန်အထိ ထုတ်လုပ်ထားကြောင်း သိရသည်။