Tamwe Market Earmarked for an Upgrade

0
491

Myo Sandar/Myanmar Business Today

One One One company has won the bid to upgrade Tamwe Market on 3.792 acres of land on Kyaikkasan Road, Tamwe Township, Yangon on a K16 billion budget.

During a recent meeting with Yangon Chief Minister U Phyo Min Thein, shop owners at the market made an eight-point request including to have main entrances added, to proceed with the refurbishment works without delay and to not include a basement. However, most of the requested improvements do not meet the building code and thus the chief minister said he could not promise that they would be fulfilled.

“We do want to agree with people’s requests, but the requests need to be in line with existing laws,” said U Phyo Min Thein. “Shops at YCDC markets are leased out, not given for good. There are no such markets anywhere in the world, not even in ASEAN. Our markets are very outdated.”

Tamwe shop owner U Thet Tun said he was not happy that the authorities did not agree to people’s requests.

During the meeting, shop owners also complained that the Member of Parliament for Tamwe Constituency did not listen to the wishes of the people at the market, who only learned about the planned upgrade from newspaper reports.

There are 183 markets in Yangon. The regional authorities started refurbishment works in 2016, with 21 markets earmarked for an upgrade in during the pilot phase.


Myanmar Summary

တာမွေယာယီဈေးကို အဆင့်မြှင့်ဈေးအဖြစ်ပြောင်းလဲမည်

တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်ရှိ မြေဧက ၃ ဒသမ ၇၉၂ ဧကရှိ တာမွေယာယီဈေးကို အဆင်မြင့်ဈေးအဖြစ်တည်ဆောက်ရန် ၂၀၁၉ ဇန်နဝါရီလတွင် တင်ဒါခေါ်ယူခဲ့ကာ One One One ကုမ္ပဏီမှ ဈေးတည်ဆောက်ရန်တင်ဒါအောင်မြင်ခဲ့သည်။

ကျပ် ၁၆ ဘီလီယံအကုန်အကျခံတည်ဆောက်မည်ဖြစ်သည့် ဈေးနှင့်ပတ်သက်ပြီး ဈေးသူဈေးသားများက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် အချက် (၈) တောင်းဆိုခဲ့သော်လည်း ၎င်းတို့၏ တောင်းဆိုချက်များသည် မြန်မာနိုင်ငံ၏ အဆောက်အအုံတည်ဆောက်ခြင်းဆိုင်ရာ Building Code များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ခွင့်ပြု၍ မရနိုင်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရှင်းပြခဲ့သည်။

ထိုသို့ ဈေးသစ်တည်ဆောက်ရာတွင် မြေအောက်ခန်းထည့်သွင်းတည်ဆောက်ခြင်းမပြုရန်၊ ဈေး၏ အဓိကဝင်ပေါက်များထည့်သွင်းပေးရန် ၊ ဈေးတည်ဆောက်မှှုကြန့်ကြာမှှုမရှိစေရန် စသော အချက် ရှစ်ချက်ကို တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည် ။

“ လူထုကို လိုက်လျောချင်ပါတယ်။ ဆွေးနွေးတဲ့အခါ ဥပဒေလိုက်နာဖို့လိုပါတယ်။ မြို့တော်စည်ပင်သာယာဈေးတွေက အငှားချထားတာဖြစ်ပါတယ်။ အပိုင်ပေးထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဈေးလိုမျိုး အာဆီယံမှာတောင်မရှိတော့ပါဘူး။ ကျွန်တော်တို့ ဈေးတွေက တော်တော်အဆင့်နိမ့်နေပါပြီ”ဟု ၎င်းက ရှင်းပြခဲ့သည်။

ယင်းသို့ ဈေးသူဈေးသားများ၏ တောင်းဆိုချက်များကို သဘောတူညီမှုမရှိသည့်အပေါ်တွင် ကျေနပ်မှုမရှိကြောင်း တာမွေဈေးမှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသက်ထွန်းက ဆိုသည်။

ဈေးအဆင့်မြှင့်တင်မည့်ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဈေးသူဈေးသားများ၏ ဆန္ဒများကို နားမထောင်သည့်အပြင် အဆိုပါ တာမွေဈေးပြန်လည်ပြင်ဆင်တည်ဆောက်မှုကိစ္စက သတင်းမီဒီယာများတွင် ဖော်ပြမှသာ သိရှိခဲ့ရကြောင်း ဈေးသူဈေးသားများက ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ဈေး ၁၈၃ ဈေးရှိပြီး ၂၀၁၆ ခုနှစ်ကစတင်ပြီး ဈေးများအားလုံးကို အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် ကနဦး ဈေး ၂၁ ခု ကိုအဆင့်ုမြှင့်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleADB, EU to Provide $26 Million Education Reform Assistance
Next articleGrab Launches Hotel Bookings