Home IT & Telecom Teachers to have free access to MOE's online platform for six months

Teachers to have free access to MOE’s online platform for six months

Teachers in Myanmar will be able to enjoy free access to the Ministry of Education’s online platform for six months as Telenor Myanmar strengthens its support to sectors affected by the COVID-19 pandemic.

To ensure equal access to these benefits, Telenor is also donating DBE Box – Department of Basic Education (DBE) learning resources to 2,000 teachers and 50,000 students in the 8 townships in Rakhine and Chin States where internet service is currently unavailable.

MOE’s online platform aims to deliver teacher training on a new curriculum for Grades 4, 7, and 10. Online access to the platform has become more critical as COVID-19 is driving teachers to stay at home, connecting and teaching remotely.

“It is essential for the Ministry of Education to have uninterrupted access to learning tools and learning institutions. During this challenging time, teachers who are taking online learning course will get a free internet data access for six months and 150 DBE boxes will be provided with the support of Telenor to schools in rural areas from 8 townships in Rakhine and Chin ” said Dr. U Tin Maung Win, Deputy Director-General of the Department of  Basic Education, at the Ministry of Education.

Developed by the Myanmar Mobile Education Project (MyME), the DBE Boxes contain teacher training content or teaching aids for teachers in the form of video, short stories, poems, and illustrated materials for learners as well as Telenor’s online safety content. DBE Box is built on the Raspberry Pi mini-computer which consists of routers accessible by mobile phones to the content inside the box. A total of 150 DBE boxes will be distributed to teachers in the internet-blocked townships so they can keep abreast with teachers who have access to the online platform.

 

   DBE Box donation handover

Free access to the Ministry of Education’s online platform takes effect on May 15, 2020, allowing access to the teacher training content before reopening the schools and helping them continue with refresher training even after the reopening.

Since its inception in 2014, Telenor Myanmar has run some social responsibility initiatives ranging from digital education in online safety and digital literacy to other social impact projects, benefitting over one million people to date. Telenor Myanmar has collaborated with Myanmar Mobile Education Project (MyME) and Plan International for providing Non-Formal Education and digital literacy program.


အခြေခံပညာသင်ကြားရေးအတွက် အွန်လိုင်းစာမျက်နှာများ (၆) လတာအခမဲ့ကြည့်ရှုခွင့်ရမည်
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများကို ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းစာမျက်နှာများကို (၆) လတာအခမဲ့ကြည့်ရှုခွင့်ရရန် တယ်လီနောမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် ပညာရေးနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များကို တန်းတူခံစားနိုင်ရန် တယ်လီနောမှ စီစဉ်ထားပြီး အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ မြို့နယ် (၈) မြို့နယ်ရှိ ဆရာ၊ဆရာမ ၂၀၀၀ ကျော်နှင့် ကျောင်းသား ၅၀၀၀၀ ကျော်အတွက်လည်း အခြေခံပညာဦးစီးဌာန(DBE) သင်ကြားရေးရင်းမြစ်များဖြစ်သည့် (DBE Box) များကို လှူဒန်းပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမှ သိရသည်။

“အွန်လိုင်းကနေတစ်ဆင့် သင်ရိုးသစ်သင်တန်းတက်ရောက်မဲ့ ဆရာ၊ဆရာမတွေအတွက် အင်တာနက်ဒေတာအခမဲ့အသုံးပြုခွင့်(၆)လစာနဲ့ ရခိုင်ပြည်နယ်၊ချင်းပြည်နယ်တို့မှရှိတဲ့ မြို့နယ်ပေါင်း(၈) မြို့နယ်အတွက် တယ်လီနောက ပံ့ပိုးပေးသွားမှာဖြစ်တဲ့အတွက် ဆရာတွေအနေနဲ့ သင်ကြားမှုဆိုင်ရာအရင်းအမြစ်တွေကို စဉ်ဆက်မပြက်လေ့လာဆည်းပူးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနက အွန်လိုင်းမှ တစ်ဆင့် ၄ တန်း၊ ၇ တန်းနှင့် ၁၀ တန်းများ၏ သင်ရိုးညွန်းတမ်းသစ်များကို ဆရာ၊ဆရာမများ အလွယ်တကူလေ့လာနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာရွေ့လျားပညာရေးစီမံကိန်း(MyME) မှ ပြုစုထုတ်လုပ်သော DBE Box များတွင် သင်ကြားရေးအတွက် ဗီဒီယို၊ဝတ္တုတိုများနှင့် ကဗျာများ အသွင့်ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ DBE Box များကို Raspberry Pi ကွန်ပြုတာတွင် တပ်ဆင်ပြီး လက်ကိုင်ဖုန်းမှ တစ်ဆင့် ဆက်သွယ်နိုင်သည့် router များပါဝင်သည့် DBE Box အလုံး ၁၅၀ ကို ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း တယ်လီနော်မှ သိရသည်။

ပညာရေးဝန်ကြီးဌာန၏ သင်ကြားရေးဝက်ဆိုဒ်အား မေ ၁၅ ရက်မှ စတင်၍ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကျောင်းများပြန်လည်ဖွင့်ပါကလည်း ဆက်လက်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
တယ်လီနောမြန်မာသည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင်လုပ်ငန်းစတင်လည်ပတ်ခဲ့ပြီး ယင်းအချိန်မှစ၍ လူမှုအကျိုးပြုစီမံကိန်းများ လုပ်ကိုင်ပေးလျက်ရှိပြီး ထိုစီမံကိန်းများမှ တစ်ဆင့် လူ (၁) သန်းကျော်ကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။
မျိုးစန္ဒာ

- Advertisment -

Must Read

cars traffic yangon

Govt Lowers Vehicle Registration Fees

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် The Road Transport Administration Department (RTAD) has lowered the vehicle registration fees for imported private used cars starting from August 7 as...