HomeBusinessTelenor Group sells Telenor Myanmar to M1 Group 

Telenor Group sells Telenor Myanmar to M1 Group 

Telenor Group has announced today that it has entered into an agreement to sell 100 percent of its mobile operations in Myanmar to M1 Group for a total consideration of 105 million USD (approximately 900 million NOK), of which 55 million USD (approximately 470 million NOK) is a deferred payment over five years.

The transaction corresponds to an implied enterprise value of approximately 600 million USD (approximately 5.2 billion NOK). M1 Group will acquire all the shares in Telenor Myanmar and continue the current operation.

““The situation in Myanmar has over the past months become increasingly challenging for Telenor for people security, regulatory and compliance reasons. We have evaluated all options and believe a sale of the company is the best possible solution in this situation. The agreement to sell to M1 Group will ensure continued operations. Telenor entered Myanmar because we believed that access to affordable mobile services would support the country’s development and growth,” Sigve Brekke President and CEO of Telenor Group said in the press release.

Further deterioration of the situation and recent developments in Myanmar form the basis for the decision to divest the company,” the press relaease said. 

On 4 May, Telenor Group announced an impairment of Telenor Myanmar. Telenor underlined at the time that the operations in Myanmar continued, and that the future presence would depend on the developments in the country and the ability to contribute positively to the people of Myanmar.


မြန်မာနိုင်ငံရှိ Telenor မြန်မာ၏ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းလုံးကို အမေရိကန်ဒေါ်လာ ၁၀၅ သန်း (နော်ဝေဂျီယံခရောင်း သန်း ၉၀၀) ဖြင့် M1 Group ထံ ရောင်းချလိုက်ကြောင်း Telenor Group က ယနေ့ ကြေညာလိုက်သည်။ အဆိုပါ ၁၀၅ သန်းအနက် ၅၅ သန်းကို လာမည့် ငါးနှစ်အကြာတွင် ပေးချေရမည်ဖြစ်သည်။

M1 Group အနေဖြင့် Telenor Myanmar ရှိ အစုရှယ်ယာများအားလုံး ဝယ်ယူသွားမည်ဖြစ်ကာ လက်ရှိ လုပ်ငန်းလည်ပတ်မှုများကိုလည်း ဆက်လက် လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ စည်မျဉ်းဥပဒေ၊ လိုက်နာမှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သုံးလအတွင်းမှာ မြန်မာနိုင်ငံက အခြေအနေတွေဟာ Telenor အတွက် ပိုပိုပြီး ခက်ခဲလာပါတယ်။ ရွေးချယ်စရာနည်းလမ်းအားလုံးကို သုံးသပ်တွက်ချက်ပြီးနောက် ကုမ္ပဏီကို ရောင်းချလိုက်ခြင်းကသာ ဒီအခြေအနေမှာ အကောင်းဆုံး နည်းလမ်းလို့ ယုံကြည်ပါတယ်။ M1 Group ဆီ ကုမ္ပဏီကို ရောင်းချလိုက်တာက လုပ်ငန်းဆောင်ရွက်မှုတွေကိုး ဆက်လက် လည်ပတ်နိုင်စေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ မိုဘိုင်းဝန်ဆောင်မှုတွေသုံးစွဲခွင့်ရရှိခြင်းဟာ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပေးနိုင်လိမ့်မယ်လို့ ယုံကြည့်တဲ့အတွက် မြန်မာနိုင်ငံထဲကို Telenor ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု Telenor Group ၏ ဥက္ကဋ္ဌလည်းဖြစ်၊ စီအီးအိုလည်းဖြစ်သည့် Sigve Brekke က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“မြန်မာနိုင်ငံတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းနှင့် မကြာသေးခင်က ပေါ်ပေါက်လာသည့်အခြေအနေများကို ကုမ္ပဏီကို ယခုကဲ့သို့ ခွဲထုတ်ဖို့ ဆုံးဖြတ်ရန်ဖြစ်လာခြင်းဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မေလ ၄ ရက်နေ့တွင် Telenor Myanmar ၏ အရှုံးပေါ်နေမှု စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း Telenor Group က ကြေညာခဲ့သည်။ ထိုကြေညာချက်တွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုကို ဆက်လက် လည်ပတ်ဦးမည်ဖြစ်ကာ နိုင်ငံအတွင်း ဆက်ရှိနေ၊ မနေကတော့ နိုင်ငံ၏ အခြေအနေ၊ မြန်မာပြည်သူများ၏ အကျိုးကို ဆောင်ရွက်နိုင်မှုတို့ အပေါ်မူတည်သည်ဟု Telenor Group က ကြေညာခဲ့သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img