Home Featured Thai Investors Eye Comprehensive Tourism Investment in Tanintharyi

Thai Investors Eye Comprehensive Tourism Investment in Tanintharyi

Thai investors have shown interest in making comprehensive tourism investment in Kawthaung and Myeik archipelago, Tanintharyi Region, according to U Thant Sin Lwin, Deputy Director of the Directorate of Investment and Company Administration (DICA).
“There are email inquiries asking how many islands and roads are in the archipelago,” said the official. “They also want to know what types of plane can land there, what businesses should be implemented there, and if there is a hospital.”
Investors are interested in providing sightseeing flights over the archipelago and plan to visit Myanmar to talk about investment potential. In the first week of December, they sent further inquiries.
“The investors want to pursue comprehensive tourism development including speed boats, planes and yachts. This will be a mega project,” said U Thant Sin Lwin.
DICA is working with other government departments to provide complete and helpful information for prospective investors.
Myeik archipelago’s natural beauty has attracted interest not only from local and foreign visitors but also from investors seeking to develop nature-based tourism.
The Tanintharyi Regional Government has adopted 10 priority reforms, to which tourism development has been added, and aims to develop various projects including resorts, parks and zoos. It also has plans for nature tourism zones in Kawthaung, Dawei, Laung Lone and Myeik districts and Kyunsu Township and to provide capital and technological assistance to local SMEs.
With an area of 43,329 square kilometers, the region has over 800 kilometers of coastline and more than 800 islands.
In the first 10 months of 2019, Myanmar received over 3.5 million tourists, a 24 percent increase over the same period last year. Tanintharyi is one of the most visited regions and hopes to welcome 300,000 tourists annually.


Myanmar Summary

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းနှင့် မြိတ်ကျွန်းစုများ၌ ကဏ္ဍအစုံပါသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ထိုင်းရင်းနှီးမြှုပ်နှံသူများစိတ်ဝင်စားလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ဆိုသည်။

“ ကျွန်းပေါင်းဘယ်လောက်ရှိလဲ၊ လမ်းပေါင်းဘယ်လောက်ရှိလဲ။ လေယာဉ်ပျံက ဘာအမျိုးအစားဆင်း လို့ရလဲ။ ကျွန်းပိုင်ရှင်က ဘယ်လိုပုံစံမျိုးလဲ ။ နောက်တခါ ဟိုတယ်တွေ ဘာလုပ်ငန်းမျိုးတွေ ထပ်လုပ်သင့်လဲ ဆေးရုံရှိသလားဆိုပြီးတော့ ကျွန်တော်တို့က mail နဲ့အသေးစိတ်မေးမြန်းထားပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းဒေသရှိကျွန်းများကို အထက်စီးမှ လေယာဉ်ဖြင့်လှည့်ပတ်ကြည့်ရှုသောလုပ်ငန်းမျိုးပါ လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိပြီး နိုဝင်ဘာဒုတိယအပတ်၌ လာရောက်ဆွေးနွေးမှုပြုလုပ်၍ ဒီဇင်ဘာ ပထမအပတ်၌ E-Mail ဖြင့် အသေးစိတ်ထပ်မံမေးမြန်းလာကြောင်း ၎င်းက ဆိုသည်။

“ သူဖြစ်ချင်တာကအားလုံးပေါင်းဆုံတဲ့ tourism ကြီးတစ်ခုလုပ်ချင်တာပေါ့။ စပီဘုတ်တွေလဲ စီးချင်တယ်။ လေယာဉ်ပျံတွေလဲ သုံးချင်တယ်။ Yacht ( ရွက်လှေ ) တွေလဲ သုံးချင်တယ်။ တအားကြီးကျယ်တဲ့ လုပ်ငန်းမျိုးလုပ်ချင်တဲ့သဘောပါ” ဟု ဦးသန့်စင်လွင်က ပြောသည်။

၎င်းတို့ဘက်မှ မေးမြန်းလာသောအချက်အလက်များကို အသေးစိတ်အကြောင်းပြန်လည်ပေးပို့နိုင်ရန် သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ သတင်းအချက်အလက်များကို စုဆောင်းနေကြောင်း ၎င်းကရှင်းပြသည်။

မြိတ်ကျွန်းစုဒေသသည် ပြည်တွင်းပြည်ပခရီးသွားအများစု စိတ်ဝင်စားသောနေရာတစ်ခု ဖြစ်သည့်အပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးပါသော ကဏ္ဍတစ်ခု အဖြစ် ပါဝင်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဦးစားပေးကဏ္ဍ ၁၀ ခုတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍကို ဆောင်ရွက်မည်ဟု တနင်္သာရီ တိုင်းဒေသကြီးအစိုးရမှမူဝါဒများချမှတ်ထားသည်။

ဧရိယာအကျယ်အဝန်းမှာ ၄၃၃၂၈ စတုရန်းကီလိုမီတာရှိသည့် တနင်္သာရီတိုင်းသည် ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၈၀၀ ကျော် ရှိကာ ကျွန်းစုပေါင်း ရှစ်ရာကျော်ရှိသည်။  တိုင်းအစိုးရအနေဖြင့်လည်း ခရီးသွားလုပ်ငန်းတိုးတက်ရေး အဓိကကဏ္ဍတွင်ထည့်သွင်းထားပြီး ပင်လယ်ကမ်းခြေ များနှင့် ကမ်းလွန်ကျွန်းများကိုဥပဒေနှင့်အညီပွင့်လင်းမြင်သာသောဈေးပြိုင်စနစ်ဖြင့် ဒေသခံများကိုငှားရမ်း လုပ်ကိုင်ခွင့်ပြုပေးရန်နှင့် သဘာဝ ရေမြေတောတောင်ကို အခြေခံ၍အပန်းဖြေစခန်း များ၊ ရုက္ခဗေဒဥယျာဉ်များ၊ တိရစ္ဆာန်ဥယျာဉ်များဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးရန်ရည်ရွယ်ထားကြောင်း သိရသည်။

ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်ရှိ ကျွန်းများကို သဘာဝအခြေခံခရီးသွားဇုန်သတ်မှတ်ရန်နှင့် ခရီးသွားဇုန်များဖော်ဆောင်ရန်နှင့် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရေးအတွက် အရင်းအနှီးနှင့် နည်းပညာရရှိရေး အားပေးကူညီသွားရန် ရည်မှန်းထားကြောင်း သိရသည်။

ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလထိ နိုင်ငံတဝှမ်းသို့ နိုင်ငံခြားသားဝင်ရောက်မှှု ဦးရေး ၃ ဒသမ ၅ သန်းရှိပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ခြောက်သိန်းခုနှစ်သောင်းကျော်(၂၄ရာခိုင်နှုန်း) ပိုမိုဝင်ရောက်ခဲ့သည်။ တနင်္သာရီတိုင်းသည်လည်း ခရီးသွားဝင်ရောက်မှှုအများဆုံးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်ခရီးသွား သုံးသိန်းခန့်ပျမ်းမျှဝင်ရောက်ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

- Advertisment -

Must Read

ကန်ဒေါ်လာ ခုနှစ်သိန်းတန်ဖိုးရှိ COVID-19 ရောဂါစမ်းသပ်ရေးပစ္စည်းများ ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က ကူညီ

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါစမ်းသပ်မူများတွင် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာစေရန်အတွက် Good Neighbours International မှတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မူ လက်လှမ်းမီမှုရှိရေး ရန်ပုံငွေနှင့် အလှူရှင်များဖြစ်သည့် ဗြိတိန် ဆွီဒင် အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က အမေရိကန်ဒေါ်လာ ခုနှစ်သိန်း တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ COVID-19 သံသယ လူနာများအား...