HomeBusinessနေထိုင်ခွင့်သက်တမ်းအား လျှောက်ထားစရာမလိုဘဲ အလိုအလျောက်တိုးမြှင့်ခွင့်ပြုမည်

နေထိုင်ခွင့်သက်တမ်းအား လျှောက်ထားစရာမလိုဘဲ အလိုအလျောက်တိုးမြှင့်ခွင့်ပြုမည်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများ(မြန်မာနိုင်ငံသားများအပါအဝင်)အား နေထိုင်ခွင့် သက်တမ်းအား လူဝင်မှုကြီးကြပ်ရေးရုံးသို့ လာရောက်လျှောက်ထားစရာမလိုဘဲ အလိုအလျောက်တိုးမြှင့်ခွင့်ပြု မည်ဖြစ်ကြောင်း ဧပြီ(၂၁)ရက်၌ ကျင်းပပြုလုပ်ခဲ့သောထိုင်းအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းမိုင်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံးကထုတ်ပြန်ထားသည်။
ပြည်ဝင်ဗီဇာလျှောက်ထားခြင်းနှင့် နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခြင်းသည် လူဝင်မှုကြီးကြပ်ရုံး၌ လူစုလူဝေးဖြစ်ပေါ်စေခြင်းကြောင့် Covid-19ရောဂါကူးစက်ပျံ့ပွားမှုကို တားဆီးရန်အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထိုင်းအစိုးရအဖွဲ့ကဆိုသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအတွက်ကြောင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသော မြန်မာနိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မေလ(၅)ရက်မှ ဇူလိုင်(၃၁)အထိ လျှောက်ထား ရန်မလိုဘဲ ဒုတိယအကြိမ်အဖြစ်အလိုအလျောက်တိုးမြှင့်ခွင့်ပြုမည်ဖြစ်သည်။
ထိုင်းအစိုးရအဖွဲ့အနေဖြင့် ပထမအကြိမ်အဖြစ် မတ်လ(၂၆)ရက်မှ ဧပြီ(၃၀)ရက်အထိ နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်းကို ခွင့်ပြုခဲ့သည်။
ထို့ကြောင့် ချင်းမိုင်မြို့ရှိ ကောင်စစ်နယ်မြေများဖြစ်သော ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များ၌ ရောက်ရှိနေသာ ရွေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် အကူအညီလိုအပ်ပါက ကောင်စစ်ဝန်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။
- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img