HomeBusinessLocalThe 2020 US TIP Report Fails Reflect the Country's Efforts: Myanmar

The 2020 US TIP Report Fails Reflect the Country’s Efforts: Myanmar

Daw Aung San Suu Kyi’s Ministry of Foreign Affairs dismissed the 2020 Trafficking in Persons (TIP) Reported, which continues to place Myanmar on Tier 3 List, issuing a statement on July 8, which claimed that the report fails to reflect significant steps taken by the Myanmar government last year to combat human trafficking. 

Tier 3 List is for countries whose governments are not making significant efforts to comply with the minimum standards. 

The most vulnerable segment of the people of Myanmar falls prey to human traffickers due to poverty. 

Because of this, a Presidential directive was issued in 2019 to all line Ministries to step up effective measures for prevention, protection, and prosecution, including stronger legal actions against traffickers, raising public awareness, and learning best practices from other countries, the statement said. 

Myanmar enacted the Child Rights Law in July 2019, which the government states to set a sound legal framework for criminalizing grave violations against children. 

“Myanmar’s ratification of the Optional Protocol to the Convention on the Rights of the Child on the involvement of children in armed conflict (CRC-OPAC), and the ILO Minimum Age Convention No. 138 demonstrate Myanmar’s strong determination to prevent the recruitment of child soldiers and to address the issue of child labor,” said the statement. 

Recently, the Myanmar Armed Forces have been delisted by the United Nations from its Listed Parties that recruit and use children, in recognition of the progress made in addressing the issue of underage soldiers.

Written by Tayzar Bhone Myint/ Translated by Min Thu Aung


လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ၏ အလေးထားကြိုးပမ်း ဆောင်ရွက်ချက်များအား ထင်ဟပ်မှုမရှိ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကထုတ်ပြန်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှု အစီရင်ခံစာ၌  လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်များကို ပြည့်မီရန် ထိရောက်စွာ ဆောင်ရွက်မှုမရှိသည့် အဆင့် (၃) (Tier 3) နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံကို ဆက်လက်ထားရှိခဲ့ခြင်းမှာ စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မြန်မာနိုင်ငံကို Tier 3 ၌ ယင်းသို့ ဆက်လက်သတ်မှတ်ထားရှိခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ သိသာထင်ရှားသည့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ထင်ဟပ်မှုမရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

မြန်မာနိုင်ငံမှ ထိလွယ်ခိုက်လွယ်အရှိဆုံး အသိုက်အဝန်းမှ ပြည်သူများသည် ဆင်းရဲ နွမ်းပါးမှု ပြဿနာကြောင့် လူကုန်ကူးသူများ၏ သားကောင်များဖြစ်နေကြရသည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်ကာ လူကုန်ကူးသူများအား ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရေး၊ လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အသိပညာပေးရေးနှင့် အခြားနိုင်ငံများထံမှ နည်းပညာ၊ အတွေ့အကြုံကောင်းများကို ရယူရေးတို့အပါအဝင် လူကုန်ကူးမှုတားဆီးရေး၊ ကျူးလွန်ခံရသူများကို အကာအကွယ်ပေးရေးနှင့် ကျူးလွန်သူများကို အရေးယူရေးတို့နှင့်စပ်လျဉ်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ကြရန်အတွက် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများကို ညွှန်ကြားခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြသည်။

 လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက် သတ်မှတ်ချက် ပြဋ္ဌာန်းချက်အမှတ်-၁၃၈ တို့ကို မြန်မာနိုင်ငံက အတည်ပြုပါဝင်ခြင်းသည်။

၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း မြန်မာနိုင်ငံမှ လက်ခံထားသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး အတွက် ပြင်ဆင်ရေးဆွဲလျက်ရှိသည်။

ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်း သွားလာသူအရေအတွက် တိုးမြင့်လာသော်လည်း ပြည်တွင်းရွှေ့ပြောင်း သွားလာသူများအား လူကုန်ကူးခံရခြင်းမှ ပိုမိုတားဆီး နိုင်ခဲ့သည်။ မကြာသေးမီက လူကုန်ကူးခံရသည့် လှေစီးဒုက္ခသည်ဖြစ်စဉ် အများစုသည် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့မှုများ မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာန ကထုတ်ပြန်သည်။

ကုလသမဂ္ဂက မြန်မာ့တပ်မတော်အား ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းမှုနှင့် အသုံးပြုမှု ကျူးလွန်သည့်အဖွဲ့အစည်းများ စာရင်းမှ မကြာမီက ပယ်ဖျက်ပေးခဲ့သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img