မြန်မာလို အောက်တွင် ဖတ်ရှုနိုင်ပါသည်
The government of Myanmar started purchasing rice to keep as a reserve on April 30 and has, as of May 11, purchased 6,300 tons of rice, now stored in five storage facilities in the country.
The Ministry of Commerce and Myanmar Rice Federation jointly take the reponsibility of purchase, inspecting, receiving and storing the purchased rice.
These 6,300 tons are proportionally purchased from forty companies who are approved to export rice.

Dr. Than Myint, Union Minister of the Ministry of Commerce, said at a meeting held on April 22 , that the government has allocated K38 billion to purchase 50,000 tons of rice and 12,000 tons of palm oil to keep them as reserves.
နိုင်ငံတော်မှ အရန်ဆန်ဝယ်ယူခြင်းကို ဧပြီ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး မေလ ၁၁ ရက်အထိ သိုလှောင်ရုံ(၅) ခုတွင် ဆန်တန်ချိန် (၆၃၀၀) ရရှိထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ယင်းသို့ အရန်ဆန်ဝယ်ယူခြင်း၊ စစ်ဆးခြင်း၊လက်ခံခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိရရှိထားသည့် ဆန်တန်ချိန် (၆၃၀၀) သည် ပြည်ပသို့တင်ပို့မည် ဆန်ကုမ္ပဏီ (၄၀) ထံမှ သတ်မှတ်ထားသည့် ပမာဏအတိုင်း ဝယ်ယူထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ထိုသို့ နိုင်ငံတော်မှ အရန်ဆန်တန်ချိန် ငါးသောင်းဝယ်ယူရန်နှင့် စားအုန်းဆီတန်ချိန် တစ်သောင်းနှစ်ထောင်ဝယ်ယူရန် ကျပ် ၃၈ ဘီလီယံကို ခွင့်ပြုပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က နိုင်ငံတော်အရန်ရိက္ခာများဝယ်ယူရန်စုဆောင်းရေး၊ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချော့မွေစေရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ အရန်ဆန်နှင့်ဆီဝယ်ယူရေးအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊အခြေခံလူတန်းစာများသို့ ကုန်စည်ဖြန့်ဖြူးရာတွင် အဆင်ပြေချောမွေစေရန်နှင့် covid-19 ကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ကုန်စည်သယ်ယူပို့ဆောင်သည့် လမ်းကြောင်းတစ်လျှောက် အဆင်ပြေချောမွေစေရန်နှင့် အရန်ဆန်ဝယ်ယူရေးကိစ္စများတွင် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင်ရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။