Ei Thandar Tun
The Big Bad Wolf Book Sale Yangon 2020 offering one million brand-new books at 50-90 percent discounts will be held at Myanmar Expo Hall at Fortune Plaza in Thaketa Township from January 10 to 20.
The sale will include both Myanmar and English books.
“There are books left unsold at publishers and we manage to buy them at very reasonable prices. Thus, we can sell them at the best prices to our readers,” said Jacqueline Ng, co-founder of Big Bad Wolf Books.
Readers of all interests will find bestselling titles, novels, science fiction, romance, literature, graphic novels, business books, self-help, architecture books, cookbooks and much more at the event. A large selection of children’s books will be available — from storybooks to activity books, board books, coloring books, picture books and interactive books.
“Last year, we introduced the Magical Books for the first time and parents were excited to purchase the books for their children as they are a tool to encourage young ones to read,” Ms. Ng said. “In 2020, parents can expect a wider selection of the Magical Books, also known as Augmented Reality (AR) books, at the Sale.”
The Magical Books come to life as the characters speak, dance and sing, getting children more excited to read and learn.
“We organize this book sale to bring English books at affordable prices to our local readers and to our young people,” said U Myo Aung, director of Ready 2 Read Myanmar.
In 2019, the event arrived for the first time in Myanmar. It was also held in Malaysia, Indonesia, Thailand, South Korea, Pakistan, the Philippines, Sri Lanka, Taiwan and the UAE. The events in Yangon and Mandalay attracted over 250,000 people and children’s books sales made up 35 percent of total sales, non-fiction books, 40 percent and novels, 20 percent.
Myanmar Summary
The Big Bad Wolf စာအုပ်အရောင်းပွဲတော်သာကေတွင် ကျင်းပမည်
အင်္ဂလိပ်စာအုပ်ပေါင်း ၁ သန်းကျော်ကို မူရင်းဈေး၏ ၅၀% မှ ၉၀% အထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူနိုင်မည့် တတိယအကြိမ်မြောက် The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို သာကေတမြို့နယ်၊ Fortune Plaza ရှိ Myanmar Expo Hall တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
လာမည့်နှစ် ဇန်နဝါရီလ ၁၀ရက်နေ့မှ ၂၀ရက်နေ့အထိ ၁၁ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည့် ပွဲတော်တွင် အင်္ဂလိပ်စာအုပ်များသာမက မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် စာအုပ်များကိုလည်း ထည့်သွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ အခုလိုမျိုး ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနိုင်ဖိ့ုအတွက် ကျွန်မတို့အနေနဲ့ စာအုပ်ထုတ်လုပ်သူတွေ ဆီမှာ မရောင်းဖြစ်ဘဲ ကျန်နေတဲ့ စာအုပ်တွေရှိတယ်။ အဲဒီလိုစာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ခဲ့တာကြောင့် ပြန်ရောင်းတဲ့ အခါမှာလည်း ဈေးနှုန်းသက်သာစွာနဲ့ ပြန်လည် ရောင်းချပေးနိုင်တာပါ” ဟု The Big Bad Wolf Books ၏ တွဲဖက်တည်ထောင်သူ Jacqueline Ng က ပြောသည်။
နိုင်ငံတကာတွင် အရောင်းရဆုံးစာအုပ်များ၊ ဂန္တဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ ၊ အချစ်ဝတ္တုများ ၊ သုတစာပေများ ၊ သရုပ်ပြစာအုပ်များ ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာနှင့် ဟင်းချက်နည်းဆိုင်ရာ စာအုပ်များအပြင် အခြားစာအုပ်အမျိုးအစားများစွာကို ဝယ်ယူနိုင်မည်ဖြစ်သည်။
ထို့ပြင် ကလေးငယ်များ ဖတ်ရှှုနိုင်ရန် ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်း စာအုပ်များ၊ စာအုပ်ထူများ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပြစာအုပ်များနှင့် အပြန်အလှန် လေ့ကျင့်သင်ကြားပေးသည့် စာအုပ်များ အစရှိသည်တို့ကို ရောင်းချပေးသွားမည်ဖြစ်သည်။
“၂၀၁၉ ခုနှစ်ထဲမှာ ကျင်းပခဲ့တဲ့ စာအုပ်အရောင်းပွဲတော်မှာဆိုရင် Magical books တွေကို ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစာအုပ်တွေက ကလေးငယ်တွေကို စာဖတ်ဖို့ တွန်းအားပေးတဲ့ ကိရိယာတစ်ခုဖြစ်တဲ့အတွက် မိဘတွေက ကလေးငယ်တွေအတွက် ဝယ်ပေးဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ အခု ၂၀၂၀မှာကျင်းမယ့် ပွဲမှာလည်း AR သုံးဘက်မြင်ရုံးလုံးကြွနည်းပညာနဲ့ ဖတ်ရှုလို့ရမယ့် စာအုပ်အမျိုးအစားအစုံအလင်ကို ရောင်းချပေးသွားမှာပါ” ဟု The Big Bad Wolf Books ၏ တွဲဖက်တည်ထောင်သူ Jacqueline Ng က ပြောသည်။
Magical Booksများမှတစ်ဆင့် ကလေးငယ်သည် စာဖတ်ခြင်း၊ ကစားခြင်းနှင့် လေ့လာသင်ယူခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် စာအုပ်အရောင်းပွဲတော် ၂ခုတွင် ကလေး စာအုပ်များ ဝယ်ယူမှုမှာ ၃၅ ရာခိုင်နှုန်း၊ သုတနှင့် ရသ စာအုပ်ဝယ်ယူမှုမှာ ၄၀ ရာခိုင်နှုန်းနှင့် ဝတ္တုစာအုပ်များဝယ်ယူမှုမှာ ၂၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။
“ ဒီပွဲကို ကျင်းပပြုလုပ်ရတာက ပြည်တွင်းက လူငယ်တွေ အင်္ဂလိပ်ဘာသာစကားကို ပိုမိုလေ့လာနိုင်အောင်၊ ဈေးနှုန်းသက်သာစွာနဲ့ အင်္ဂလိပ်စာအုပ်တွေကို လက်လှမ်းမှီပြီး ဝယ်ယူဖတ်ရှု့နိုင်အောင် ကျင်းပပြုလုပ်ပေးတာပါ ” ဟု Ready 2 Read Myanmar မှ ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။
The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲနှစ်ရပ်ပေါင်း လူဦးရေ ၂၅၀၀၀၀ကျော် လာရောက်ခဲ့သည်။
၂၀၁၉ခုနှစ်တွင် The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ယူအေအီးနှင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။