အောက်တွင် မြန်မာလိုဖတ်ရှုနိုင်ပါသည်
Written by Linn Thit
The Ministry of Commerce said that Malaysia, Indonesia, and the Philippines have made offers to buy rice from Myanmar.
The Philippines and Malaysia want to buy 300,000 tons and 50,000 tons of rice from Myanmar respectively. At the moment, Indonesia is inspecting the quality of rice and will propose the quantity of rice it wants to purchase if it satisfies with the quality.
An official from the Ministry of Commerce said that Myanmar needs to take advantage of the market demand as countries are trying to secure food supply in the face of the COVID-19 crisis.
The ministry worrying about the possible adequacy of rice supply suspended issuing license for rice export in April and only resumed in May. However, it required rice exporters to sell 10 percent of the volume of their export.
The country plans to export 2.5 million metric tons of rice in this fiscal year and has exported 1.8 million tons to 60 countries so far.
The country consumes 70 percent of its rice production while 20 percent are exported and 10 percent is kept as a reserve.
Dr. Than Myint, Union Minister of the Ministry of Commerce, said at a meeting held on April 22, that the government has allocated K38 billion to purchase 50,000 tons of rice and 12,000 tons of palm oil to keep them as reserves.
Translated into English by Min Thu Aung
ပြည်ပနိုင်ငံ ၃နိုင်ငံဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ပြည်တွင်းမှ ထွက်ရှိသည့် ဆန်များကို ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန် သုံးသိန်းဝယ်ယူမည်ဖြစ်ပြီး မလေးရှားနိုင်ငံက ဆန်တန်ချိန် ငါးသောင်း ၀ယ်ယူမည်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံက ဆန်၀ယ်ယူနိုင်ရန်အတွက် အရည်အသွေးကို စစ်ဆေးနေလျက်ရှိပြီး ကြိုက်နှစ်သက်ပါက ဝယ်ယူမည့် ပမာဏကို ကမ်းလှမ်းလာမည်ဖြစ်သည်။
ယခု ရောဂါဖြစ်ပွားနေသည့် ကာလတွင် နိုင်ငံတိုင်းမှ ရိက္ခာဆန်များကို ဝယ်ယူစုဆောင်းနေလျက်ရှိပြီး ယင်းအခြေနေကို အသုံးချ၍ ရေရှည်၀ယ်ယူ ရောင်းချနိုင်သည့် စျေးကွက်ဖြစ်လာစေရန် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဧပြီလမှ စတင်၍ ပြည်ပသို့ ဆန်တင်ပို့မှု လိုင်စင်ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သော်လည်း မေလတွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်။
ပြည်ပသို့ ဆန်တင်မည့် ကုမ္ပဏီများအနေဖြင့် တင်ပို့မည့် ဆန်ပမာဏ၏ ၁၀%ကို အရန်ဆန်အဖြစ် အစိုးရသို့ ရောင်းချရန် သတ်မှတ်ကာ ပြည်ပ တင်ပို့မှုကို ပြန်လည် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂.၅သန်းအထိ တင်ပို့နိုင်ရန် လျာထားပြီး လက်ရှိအချိန်တွင် ပြည်ပနိုင်ငံပေါင်း ၆၀သို့ ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၁.၈သန်းကျော်အထိ တင်ပို့ထားကြောင်း သိရသည်။
တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၁၄%၊ ပင်လယ်ရေကြောင်းမှ ၈၅% ကျော် တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။