နယူးယောက်မြို့ Bronx တိရိစ္ဆာန်ရုံရှိ ကျားတစ်ကောင်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာဖြစ်ပွားနေကြောင်း ဓာတ်ခွဲ စမ်းသပ်သိရှိရသည်။ အဆိုပါ ဖြစ်စဥ်မှာ အမေရိကန်နိုင်ငံတွင် တိရစ္ဆာန်များအား COVID-19 ရောဂါပိုး ဖြစ်ပွားမှုကို ပထမဆုံး အကြိမ်တွေ့ရှိရခြင်းဖြစ်ပြီး ကမ္ဘာတွင် ကျားကို COVID-19 ကူးစက်မှု ပထမဆုံး အကြိမ်တွေ့ရှိရခြင်းလည်းဖြစ်ကြောင်း တိရစ္ဆာန်ရုံမှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အသက် ၄ နှစ်အရွယ် ကျားမဖြစ်သည့် Nadiaမှာ ချောင်းခြောက်ဆိုးသည့် ဝေဒနာကို ခံစားနေရပြီး ပြန်လည်သက်သာလာမည်ဟု ခန့်မှန်းရကြောင်း အဆိုပါ တိရစ္ဆာန်ရုံကို စီမံခန့်ခွဲနေသည့် Wildlife Conservation Society က ကြေညာချက်ထဲတွင် ပြောဆိုထားသည်။
“ကာကွယ်တဲ့အနေနဲ့ ကျားတွေကို စစ်ဆေးခဲ့တာပါ။ COVID-19 နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထပ်မံ သိရှိတာတွေကိုလည်း ဒီဗိုင်းရပ်စ်ပိုးအကြောင်း ကမ္ဘာက ပိုနားလည်နိုင်အောင်လို့ ဆက်ပြီး ထုတ်ပြန်သွားမှာပါ” ဟု အဆိုပါ အဖွဲ့က ဆိုသည်။
English Version
Tiger at New York’s Bronx Zoo tests positive for coronavirus
April 5 (Reuters) – A tiger at the Bronx Zoo in New York City has tested positive for the respiratory disease caused by the novel coronavirus, in the first known case of COVID-19 in an animal in the United States or a tiger globally, a zoo spokesman said on Sunday.
Nadia, the 4-year-old female Malayan tiger that tested positive, had developed a dry cough but is expected to recover, the Wildlife Conservation Society, which manages the zoo, said in a statement.
“We tested the cat out of an abundance of caution and will ensure any knowledge we gain about COVID-19 will contribute to the world’s continuing understanding of this novel coronavirus,” WCS said in the statement.
The positive test marked the first coronavirus case for a tiger anywhere and the first of an animal in the United States, spokesman Stephen Sautner said.
(Reporting by Nathan Layne in Wilton, Connecticut; Editing by Daniel Wallis)