TMH Diversifies into Media and Entertainment

0
137

Myo Sandar

TMH Telecom, one of the five listed companies in Myanmar, signed an investment deal with film production company Big 5 Production on December 10 in a bid to diversify its revenue sources beyond the core telecom business.
The film production industry is considered a potential new business area for the company.
“As a listed company, we believe that our collaboration with Big 5 Production will provide more benefits for our shareholders in the future,” said TMH chairman U Myint Lwin.
Facing fierce industry competition and the need to halt some projects, TMH, which builds telecom towers, provides BTS machine maintenance services and sells mobile top-up cards, saw a K1 billion revenue drop to K8.93 billion in the 2019 fiscal year, compared to K9.94 billion a year earlier.
Some 80 percent of TMH’s revenue came from BTS machine maintenance services while 19 percent came from sales of top-up cards and other telecom services.
Owned by over 800 shareholders, TMH has a market cap of K36 billion, according to its financial statement. With two factories, it has produced 69 million units of top-up cards for MPT, the country’s first telecom operator.
TMH builds fiber-optic cables in Shan State, Mon State and Yangon Region and telecom towers in Bago and Yangon regions. It will now produce mobile applications and manufacture smart meters, according to chief financial officer Daw Naychi Lin.
The company is conducting feasibility studies for four 29.8-megawatts hydropower stations in Shan State, for which it has signed a deal with the Shan State government.
TMH listed on the Yangon Stock Exchange in 2016. At market closing on December 17, its share price was K2,900.


Myanmar Summary

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် TMH Telecom Public Co., Ltd က ဆက်သွယ်ရေးလုပ်ငန်းများအပြင် အခြားလုပ်ငန်းများတွင်ပါ ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်နေရာ Media and Entertainment လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် Big 5 Production နှင့် ဒီဇင်ဘာ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိဆက်သွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နံှမှုများကို တိုးချဲ့နေသည့်အပြင် ရုပ်ရှင်လုပ်ငန်း ကဏ္ဍသည်လည်း အလားအလာရှိသည့် လုပ်ငန်းဖြစ်သည့်အတွက် စမ်းသပ်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဥက္ကဌ ဦးမြင့်လွင်က ပြောသည်။

ထို့ပြင် ရုပ်ရှင်လုပ်ငန်းအပြင် အခြားအလားအလာရှိသည့် လုပ်ငန်းများတွင် ရှယ်ယာရှင်များအတွက် အကျိုးရှိနိုင်ပါက ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဦးမြင့်လွင်က ထပ်မံပြောကြားသည်။

တာဝါတိုင်တည်ဆောက်ခြင်း ၊ BTS စက်ခန်းများပြုပြင်ထိန်းသိမ်းခြင်းနှင့် ဖုန်းငွေဖြည့်ကတ်များ ရောင်းချခြင်းများလုပ်ဆောင်သည့် TMH  Telecom Public Company သည် ဈေးကွက်အတွင်းတွင် ပြိုင်ဆိုင်မှု မြင့်မားလာခြင်းနှင့် တာဝါတိုင်တည်ဆောက်မည့် စီမံကိန်းများရပ်ဆိုင်းခဲ့ခြင်းကြောင့် ၂၀၁၈ – ၁၉ ဘဏ္ဍာ နှစ်တွင် ရရှိခဲ့သည့်ဝင်ငွေသည် ပြီးခဲ့သည် ဘဏ္ဍာနှစ်တွင်ရရှိခဲ့သည့် ဝင်ငွေထက် ကျပ် ၁ ဘီလီယံလျော့ နည်းခဲ့ကြောင်း သိရသည်။

၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဝင်ငွေ ကျပ် ၈ ဒသမ ၉၃ ဘီလီယံရရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ် တွင် စုစုပေါင်းဝင်ငွေ ကျပ် ၉ ဒသမ ၉၄ ဘီလီယံရရှိခဲ့သည်။

အဆိုပါ စုစုပေါင်းဝင်ငွေ ၈၀ ရာခိုင်နှုန်း၏ BTS စက်ခန်းများပြုပြင်ထိန်းသိမ်းခြင်းမှရရှိခြင်းဖြစ်ပြီး ဖုန်းငွေဖြည့်ကတ်များထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် အခြားဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍမှ ၁၉ ရာခိုင်နှုန်းရရှိကြောင်းသိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် TMH ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး ကျပ်ငွေ ၃၆ ဘီလီယံတန်ဖိုးရှိပြီး  အစုရှယ်ယာရှင်ပေါင်း ၈၀၀ ကျော်ရှိကြောင်း အဆိုပါကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည် ။

မြန်မာနိုင်ငံ၏ ပထမဆုံးဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် MPT ဖုန်းကတ်များအတွက် ဖုန်းငွေဖြည့် ကတ်များကို စက်ရုံ ၂ ရုံဖြင့် ထုတ်လုပ်လျက်ရှိကာ လက်ရှိအချိန်ထိ ငွေဖြည့်ကတ်ပေါင်း ၆၉ သန်းကို ထုတ်လုပ်ပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ Annual Report တွင် ဖော်ပြထားသည်။

ဖိုင်ဘာဆက်ကြောင်းတည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တို့တွင် လုပ်ကိုင်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ထို့ပြင် တာဝါတိုင်တည်ဆောက်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း တို့တွင် ဆောင်ရွက်ထားကြောင်းသိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် မိုဘိုင်းအပလီကေးရှင်းအသစ်များနှင့် Smart Meter များထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဒေါ်နေခြည်လင်းက ပြောသည်။

ရှမ်းပြည်နယ်တွင် ၂၉ ဒသမ ၈ မီဂါဝပ်ရှိ Hydropower Station ၄ ခုတည်ဆောက်ရန်ရှမ်းပြည်နယ် အစိုးရနှင့် သဘောတူ ညီမှုလက်မှတ်ရေးထိုးထားပြီး စီမံကိန်းဖြစ်နိုင်မှုရှိမရှိသိရှိစေရန် Feasibility Survey များစတင်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်လာပြီး ရှယ်ယာများ စတင်ရောင်းချခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်ပေါက်ဈေးအရ ယင်းကုမ္ပဏီ၏ ရှယ်ယာတစ်စုလျှင် ကျပ် ၂၉၀၀ ပေါက်ဈေးရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းများအရ သိရသည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleHyundai Myanmar Introduces 2020 Models
Next articleOoredoo, UNDP Partner on Climate Resilience Program for Farmers