Home Business Traders Request China for Temporary Stay to Sell Watermelon and Muskmelon

Traders Request China for Temporary Stay to Sell Watermelon and Muskmelon

Fruits and Vegetable Wholesale at Muse (105) mile in its statement on October 13 have requested a temporary stay for some Myanmar fruits and vegetable traders at Wanding City, China when watermelon and muskmelon export volume is at large. 

The statement also implored the Shan State Government to address the difficulties of transportation and trading due to restrictions and COVID-19 preventive measures while the watermelon and muskmelon export season has begun. 

At present, due to the travel restriction into/ out of China, only goods can enter China while traders cannot go into the country, and thus the transaction is carried out by the phone when the goods arrive at Wanding Fruit Market. This method can become troublesome when the watermelon and muskmelon supply massively flows into the country. It can lead to a situation where farmers don’t get the remunerative price and thus the body requests Yunnan Province Government to grant a temporary stay for five Myanmar traders at Wanding City. 

The five personals will follow the requirements and procedures including having the COVID-19 test. 

Moreover, when trucks loaded with fruits and vegetables enter the Shan State, the statement requests the Shan State Government to give priority to the drivers, who drive the truck loaded with perishable fruits and vegetables, to receive the COVID-19 test.

Written by Ko Myo


ဖရဲ၊ သခွားမွှေး တင်ပို့မှုများပြားချိန်တွင် မူဆယ်(၁၀၅)မိုင်အခြေစိုက်သစ်သီးပွဲရုံကိုယ်စားလှယ်အချို့ကို တရုတ်ပြည်ဝမ်တိန်သစ်သီးအရောင်းကွင်းတွင် ယာယီအခြေချလုပ်ကိုင်ခွင့်ပြုရန် မူဆယ်(၁၀၅)မိုင်ရှိ သစ်သီးဝလံကုန်စည်ဒိုင်က တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၁၃ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော အဆိုပါတောင်းဆိုချက်တွင် မြန်မာတောင်သူများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသော သစ်သီး(ဖရဲ၊သခွားမွှေး) များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့ရောင်းချသည့် ရာသီရောက်ပြီဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသော ကိုဗစ်-19ရောဂါကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးတွင် စစ်ဆေးကန့်သတ်မှုများ ဆောင်ရွက်နေခြင်းကြောင့် ကြုံတွေ့နေရသော သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချမှုဆိုင်ရာ အခက်အခဲများကို ရှမ်းပြည်နယ်အစိုးရမှ ကူညီဖြေရှင်းပေးရန်ဟု ဖော်ပြထား သည်။ 

လက်ရှိအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ လူဝင်/လူထွက် ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် ကုန်ပစ္စည်းသာဝင်ခွင့်ရပြီး ကုန်သည်ပွဲစားများ ဝင်ခွင့်ပြုထားခြင်းမရှိသောကြောင့် တရုတ်နိုင်ငံဝမ်တိန်သစ်သီးကွင်း၌ ကုန်ပစ္စည်းများဝင်ရောက်လာမှသာ တရုတ်ဘက်မှ ကုန်သည်ဝယ်လက်များကို ဖုန်းဖြင့်ချိတ်ဆက်ကာ ရောင်းချနေကြရကြောင်း သိရသည်။ အဆိုပါကိစ္စသည် သစ်သီးကားဝင်ရောက်မှုနည်းပါးချိန်၌ အခက်အခဲများစွာမရှိသော်လည်း မကြာမီ ဖရဲ၊သခွားမွှေး များတင်ပို့မှုများပြားချိန်တွင် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူမြန်မာတောင်သူများမှာ ထိုက်တန်သည့်စျေးနှုန်းများ မရရှိဘဲ နစ်နာဆုံးရှုံးမှုများ ကြုံရနိုင်သဖြင့် မူဆယ်(၁၀၅)မိုင်အခြေစိုက်သစ်သီးပွဲရုံကိုယ်စားလှယ် အနည်းဆုံးနှစ်ဦးမှငါးဦးအထိကို တရုတ်ပြည်ဝမ်တိန်သစ်သီးအရောင်းကွင်းတွင် ယာယီအခြေချလုပ်ကိုင်ခွင့်ပြုရေးအတွက် ယူနန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ 

ထို့အပြင် ယင်းသို့ယာယီနေထိုင်ခွင့်ပြုနိုင်ရန် အတွက် လိုအပ်သော နှစ်နိုင်ငံ ကိုဗစ်ရောဂါပိုး စစ်ဆေးမှုနှင့် အခြားကျန်းမာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။ 

မြန်မာနိုင်ငံအရပ်ရပ်မှ မြန်မာတောင်သူများ စိုက်ပျိုးထုတ်လုပ်တင်ပို့သော သစ်သီးဝလံကုန်တင်ကားများ ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာရာ၌ (Standard Operating Procedure-SOP)အရ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်နေသော လမ်းပိုင်းစခန်းများတွင် (Rapid Antigen Diagnostic Test Kits) ဖြင့် စစ်ဆေးရာ ကုန်စိမ်း(ပုပ်သိုးလွယ်)သစ်သီး ကုန်တင်မော်တော်ယာဉ်များအား ဦးစားပေးစနစ်ဖြင့် အမြန်စစ်ဆေးပေးရန်လည်း ထပ်မံတောင်းဆိုထားသည်။

- Advertisment -

Must Read

Yangon’s New City Project receives 16 proposals from nine countries

New Yangon City Development Project has received 16 Expressions of Interests (EOI) submitted by companies and consortiums from nine countries in the Swiss Challenge...